31.1 C
Yangon

ရုရှားပြန် မင်းအောင်လှိုင်ကို ကြိုဆိုမည့် စစ်တပ်ထောက်ခံသူများ နေပြည်တော်လာရန် လမ်းစရိတ်၊ ဟိုတယ်ခ အပါအဝင် နေထိုင်စား တည်းခိုခ စရိတ်ငြိမ်းဖြင့် ငွေကျပ် ၃ သောင်းပါ မုန့်ဖိုးပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ယနေ့ ရုရှားခရီးစဉ်မှ ပြန်လာမည့် အကြမ်းဖက် မင်းအောင်လှိုင်ကို ကြိုဆိုရန်အတွက် စစ်တပ်ထောက်ခံသူများကို နေပြည်တောသို့လာရန် လမ်းစရိတ်၊ ဟိုတယ်ခအပါအဝင် နေထိုင်စား တည်းခိုခစရိတ်ငြိမ်းဖြင့် ငွေကျပ် ၃ သောင်းကိုပါ မုန့်ဖိုးအဖြစ်ပေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင် နိုင်ငံခြားခရီးစဉ်မှ ပြန်လာတိုင်း ကြိုဆိုရန်အတွက် စစ်တပ်နှင့်အတူ စီးပွားရေးတွဲဖက်လုပ်ကိုင် နေသော စီးပွားရေးလုပ်ငန်းရှင်တချို့က အကုန်အကျခံ စီစဉ်ကြောင်း၊ မင်းအောင်လှိုင်ကို ကြိုဆိုရေး နေပြည်တော်သို့ လာမည့် စစ်တပ်ဘက်တော်သား သရုပ်ဆောင်၊ အဆိုတော်၊ ဟာသလူရွှင်တော်များ၊ မဘသဘုန်းကြီးများ၊ အမျိုးသားရေးအစွန်းရောက်များအတွက် လမ်းစရိတ်၊ ဟိုတယ်ခ၊ စားစရိတ်၊ တည်းခိုစရိတ်၊ မုန့်ဖိုးအဖြစ် ငွေကျပ် ၃ သောင်းကိုပါ စီစဉ်ပေးကြောင်း သိရှိရသည်။

“ဒီနေ့ ပြန်လာမယ်။ စကယ်ဂျူးခရီးစဉ်အတိုင်းဆိုရင် ညနေလောက် ရောက်မယ်။ ကြိုဆိုရေးအတွက် အရင်လိုပဲ မိတ်ဖက် စီးပွားရေးသမားတွေက နေထိုင်စားစရိတ် မုန့်ဖိုးပါ စီစဉ်ပေးပြီးတော့ ကြိုဆိုရေး ခေါ်တယ်။ မင်းသား၊ မင်း သမီးတွေကတော့ တစ်စျေး၊ သာမန် ထောက်ခံသူတွေကတော့ အနည်းဆုံး မုန့်ဖိုး ၃ သောင်းပေးတယ်။ မင်းသားမင်းသမီးတွေကတော့ ဟိုတယ်မှာ ထားတယ်။ သာမန်ကတော့ နေပြည်တော်စည်ပင်မှာ ထားတယ်။ လမ်းစရိတ်က ကားစင်းလုံးငှားတယ်။ စရိတ်အကုန်လုံးက စီးပွားရေး သမားတွေက ကျခံတာ။ တပ်နဲ့ စီးပွားရေးလုပ်နေတဲ့ စီးပွားရေးသမားတွေက အကုန်ခံတာ။ အရင်ခရီး စဉ်တွေအတိုင်းပါပဲ။ ကြိုဆိုရေးက” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင် ပြည်ပခရီးစဉ်မှ ပြန်လာတိုင်း ရန်အောင်၊ စိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ ခန့်စည်သူ၊ မေသန်းနု၊ မေသဉ္စာဦး စသည့် စစ်တပ်ဘက်တော်သား သရုပ် ဆောင်၊ ဟာသလူရွှင်တော်နှင့် အဆိုတော်တချို့က လာရောက် ကြိုဆိုလေ့ရှိပြီး မဘသနှင့် အမျိုးသားရေးအစွန်းရောက်များကလည်း ငွေကြေးရသဖြင့် လာရောက် ကြိုဆိုကြကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က မင်းအောင်လှိုင်ကို ကြိုဆိုရေးအတွက် Non-CDM ဝန်ထမ်းများနှင့် မိသားစုများကိုလည်း ဆင့်ခေါ်လေ့ရှိပြီး ယနေ့ ပြန်လည်ရောက်ရှိမည့် ပြည်ပခရီးစဉ်အတွက်လည်း Non-CDM များကို လာရောက်ကြိုဆိုခိုင်းထားကြောင်း သိရှိရသည်။

မင်းအောင်လှိုင်ကို ကြိုဆိုရေးအတွက် ငွေကြေးကုန်ကျမှုများကို စစ်တပ်လက် အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့နှင့်အတူ စီးပွားရေးတွဲဖက်လုပ်နေသော စီးပွားရေးသမားများက အများဆုံး အကုန် အကျခံ ငွေစိုက်ထုတ်ပေးကြောင်း သိရှိရသည်။

“ဦးပိုင်တို့ MEC တို့က ခင်ဗျားတို့ ဒါတော့ အကုန်အကျခံလိုက်ဆိုပြီး မိတ်ဖက် စီးပွားရေးသမားတွေကို ငွေထုတ်ခိုင်းတာ။ ဟိုကလည်း ဒါလောက်ကတော့ ထုတ်တာပေါ့။ ပြန်ရတာက များတော့ စိုက်ထုတ်ပေးတယ်။ ဗီနိုင်းထုတ်တာကအစ အကုန် စီးပွားရေးသမားတွေက အကုန်ခံကြတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၄ ရက်နေ့မှ စက်တင် ဘာလ ၂၉ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – အကြမ်းဖက် မင်းအောင်လှိုင် တရုတ်ခရီးစဉ်မှ ယခုလအတွင်း ပြန်ရောက်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article