အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်း၊ ရေ ကြောင်းနဲ့ လက်နက်ကြီးတိုက် ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ အာရက္ခတပ်တော်- AA က မနေ့က အရေးပေါ် သတိပေးချက်ထုတ်ပြန်ပါတယ်။
ရခိုင်ပြည် အတွင်း နဲ့ ရခိုင်ပြည်အစပ် ၃ နေရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက် စစ်အုပ်စုက အထိအခိုက်အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတာကြောင့် ကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတိုက် ခိုက်မှုတွေ အများအပြား လုပ်ဆောင်လာတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့က လူနေရပ်ကွက်တွေကို စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေကြဲချခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ ရခိုင်ပြည်အခြေစိုက် သတင်းတွေ ကဖော်ပြပါတယ်။
စက်တင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းမှာ ပလက်ဝဆေးရုံအနီး တစ်ဝိုက်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ကလပ်စ်တာဗုံး ၁ လုံးတို့ကျဲချခဲ့ပြီး အဲဒီဗုံးတွေကြောင့် လူတွေထိခိုက်သေဆုံးခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အတင်းအဓမ္မ စုဆောင်းခြင်းခံရတဲ့ တပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်လို စိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်းတွေကနေ အခွင့် ရလျှင်ရသလို တပ်ပြေးတာ၊ မိမိတို့ထံ ဘက်ပြောင်းတာ၊ အလံဖြူထောင်ဝင်ရောက်တာတို့မှာ နေ့တိုင်း ဖြစ်ပျက်နေတယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများနေလို့ အကြမ်းဖက်စစ်အုပ်စုဟာ ယခုရက်ပိုင်းတွေမှာ AAက ဒေအပြည့်အဝထိန်းချုပ်ထားပြီး တိုက် ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက စာသင် ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း နဲ့ ဘုန်းတော်ကြီးကျောင်း အစရှိတဲ့ နေရာတွေကို နေ့၊ ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း နဲ့ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုလုပ်လာလို့ ပြည်သူတွေ သတိနဲ့ နေထိုင်ကြဖို့ တိုက် တွန်းထားပါတယ်။
