25 C
Yangon

သရက်ချောင်းတွင် စစ်တပ် စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျောက်လှေကားရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျောက်လှေကားရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်‌ကျေးရွာအုပ်စုအတွင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသော တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းတွင် အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၄၀၃ ၊ ၄၀၄ နှင့် ၄၀၅ တို့မှ စစ်သားများ ပါဝင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၁၂ နှင့်တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း စစ်တပ်က အထိနာပြီး ကျောက်လှေကားရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် အကြမ်းဖက် စစ်သားများက ကျောက်လှေကားကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၇၃ လုံးကို မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article