25 C
Yangon

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲတွင် တပ်ပျက်ပြီး ထွက်ပြေးနေသော စစ်သားများကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ၃ ဦး အရှင်မိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲတွင် တပ်ပျက်ပြီး ထွက်ပြေးနေသော အကြမ်းဖက် စစ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ၃ ဦး အရှင်မိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပကဖ Union Liberation Front – ULF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၄ ဦး အရှင်ဖမ်းမိပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တပ်ပျက်ပြီး ထွက်ပြေးနေသော စစ်သားများကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး MA-1 သေနတ် ၂ လက် ၊ ၅.၅၆ ကျည် ၁၇၀ တောင့်နှင့် ကျည်ဘောက် ၈ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း ထို ထွက်ပြေးနေသော အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို အရှင် ဖမ်းမိခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၂၀၀ တောင့် နှင့် ကျည်ဘောက် ၈ ခု ၊ ဖုန်း ၄ လုံးတို့ ထမ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်သား ၁ ဦးကို အသေဖမ်းမိခဲ့ပြီး MA-1 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၅၀ တောင့် နှင့် ကျည်ဘောက် ၃ ခုတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ပုံပျက်ပြီး ကစဥ့်ကလျားထွက်ပြေးကြတဲ့ စစ်ခွေး တပ်သားတွေ နယ်မြေကျွမ်းကျင်မှုမရှိတဲ့အတွက် မျက်စိလည်လမ်းမှားခဲ့ကြပြီး အစာရေစာငတ်ပြတ်ကာ လူရုပ်တောင်သိပ်မပေါက်ချင်ကြတော့ပါဘူး။ တော်လှန်ရေးတပ်သားတွေအနေဖြင့် တပ်ဖြန့်စောင့်ဖမ်းနေကြရုံပါပဲ။ ကျနော်တို့ရဲ့ အနောက်မြောက်လွင်ပြင်သို့ ကမ်ပိန်းကိုလည်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ယင်းမာပင်မြို့နယ် ပကဖ Union Liberation Front – ULF မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article