24.8 C
Yangon

မြဝတီရှိ မင်းလက်ပံ၊ ဖလူးနှင့် မယ်ထော်သလေး ဘက်ကို စစ်တပ်က စစ်ကြောင်း တိုးမပေါက်၍ အသေခံဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲ၊ ကျုံဒိုး တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အသေများနေပြီး ဘားအံတောင်ကလေး ဆေးရုံတွင် စစ်သားများ ပြည့်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မင်းလက်ပံ၊ ဖလူးနှင့် မယ်ထော်သလေး ဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း တိုးမပေါက်၍ အသေခံဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲနေကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အသေခံ ဒရုန်းများဖြင့် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ထိ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြေပြင် စစ်ကြောင်းကလည်း လက်ရှိချိန်ထိ ရှေ့ဆက်မတိုးနိုင်ဘဲ စစ်တပ်က အသေခံဒရုန်းများဖြင့်သာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် KNLA ရဲဘော်များ ရှိသည်ဟုဆိုကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မြေပြင် တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေပြီး ရုပ်အလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မြဝတီဘက်မှာ စစ်တပ်က စစ်ကြောင်း မပေါက်လို့ ရွာတွေဘက်ကို ကာမီကာဇေ တွေနဲ့ နေ့ရော ညပါ ဗုံးကျဲ တိုက်ခိုက်နေတာ ၃၀ ရက်နေ့ ညပိုင်းမှာ ဖလူးရွာနဲ့ မင်းလက်ပံရွာဘက်ကို အသေခံ ဒရုန်းတွေ ထပ်ကျတယ်။ စစ်ခွေးတွေက စစ်ကြောင်းတိုးမပေါက်တာနဲ့ပဲ မင်းလက်ပံ၊ ဖလူးနဲ့ မယ် ထော်သလေးဘက်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှ ထောကိပို့ တွေ၊ KNLA တွေ ခိုအောင်း နေတယ်ဆိုပြီး ကာမီကာဇေ ဒရုန်းတွေနဲ့ ဆက်တိုက် ချနေတာ လေးကေကော်ကိုလည်း UAV အကြီး စားနဲ့ ကင်းထောက်ပြီး ပစ်ချနေတယ်။ စစ်ခွေး စစ်ကြောင်းပြုတ်သွားတာ အခုထိ အလောင်း မကောက်နိုင် ဖြစ်နေတယ်။ ထီးမယ်ဝါးခီးနဲ့ ကျောက် တောင်ဘက်မှာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

အလားတူ ကျုံဒိုးမြို့နယ်ရှိ ချောင်းဖျားရွာ၊ အင်းကြီးရွာနှင့် ကျုံဘိုင်းရွာဘက်တို့၌ ဖြစ်ပွားခဲ့သော စက်တင်ဘာလ ၁ လတာ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး စစ်သား အလောင်းများကို အင်းကြီးရွာ သချိုင်းတွင် ဖြစ်သလို မြေမြုပ်ထားကြောင်း သိရသည်။

ထို့ပြင် ဂျိုင်းမြစ် တစ်ဖက်ကမ်းရှိ ဂျိုင်းရွာကြီး သချိုင်းတွင်လည်း ထွက်ပြေးသွားသော သုဘရာဇာများကို စစ်တပ်က လိုက်လံဖမ်းဆီးပြီး စစ်သား အလောင်းများကို မြေမြုပ်ခိုင်းနေသော်လည်း ရုပ်အလောင်း များပြားခြင်းကြောင့် လမ်းဘေးများတွင် ပုတ်ပွနေကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိထားသော စစ်သားများကိုလည်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျုံဒိုး၊ ချောင်းဖျားရွာ ၊ ဂျိုင်းရွာကြီးနှင့် ကျားကလေးရွာဘက်မှ နာရေးကားများကို ချောဆွဲပြီး ဘားအံ တောင်ကလေး ဆေးရုံကို ပို့ဆောင်နေသောကြောင့် ဆေးရုံတွင် စစ်သားများ ပြည့်နေကြောင်း သိရသည်။

“ကျုံဒိုး ချောင်းဖျားရွာ၊ အင်းကြီးရွာ ၊ ကျုံဘိုင်းရွာ ဘက် တိုက်ပွဲ တစ်လကာလအတွင်းမှာ စစ်ခွေးသေတာ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ အင်းကြီးရွာ သချိုင်းမှာ အလောင်းတွေ ဖြစ်သလို ပုံထားရတဲ့ အခြေအနေဖြစ်နေတယ်။ ဂျိုင်းမြစ်တစ်ဖက်ကမ်း ဂျိုင်းရွာကြီး သချိုင်းမှာလည်း သုဘရာဇာတွေ ထွက်ပြေးလို့ သေနတ်ထောက် စစ်ခွေးတွေက လိုက်ဖမ်းပြီး စစ်ခွေး အလောင်းတွေကို သဂြိုလ်ခိုင်းနေတယ်။ အလောင်းတွေကများလို့ လမ်းဘေးတွေမှာ ပုတ်ပွ နေတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကိုလည်း ကျုံဒိုး၊ ချောင်းဖျား၊ ဂျိုင်းရွာကြီးနဲ့ ကျားကလေးရွာဘက်က နာရေးကားတွေချောဆွဲပြီး ဘားအံ တောင်ကလေးဆေးရုံကို ပို့ဆောင်ခိုင်းနေတာ ဆေးရုံမှာ စစ်သား အတိုအပြတ်နဲ့ ဒဏ်ရာရတာတွေ ၅၀ ဝန်းကျင်လောက်ရှိတယ်။ လူပြည့်နေတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ကျုံဒိုးမြို့ပေါ် ရပ်ကွက်များ၌ ပြန်လာနေသူထိုင်သူများထဲမှ NLD အားပေးသူများနှင့် PDF နှင့် ဆက်နွယ်နေသူများကို အပြစ်ရှာဖမ်းဆီး ထောင်ချရန် အကြမ်းဖက် စစ်တပ် လက်အောက်ခံ စရဖ ၊ ရဲ ၊ BGF နှင့် ပျူ‌စောထီးများက စစ်ဆေးစောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article