24.8 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးရုံးကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးရုံးကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Kanbauk Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော ထွေအုပ်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“လောင်းလုံးမြို့ပေါ်မှာ စစ်ခွေး အင်အား ၇၀ ခန့်နဲ့ တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို ကျနော်တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန်ကတော့ ၂ နာရီခန့် ကြာမြင့်ခဲ့တယ်။ ဝင်ရောက်ပစ်ခတ်ချိန်အတွင်းမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက် အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု Kanbauk Defense Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(FPF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF ၊ ရာမညမွန်တပ်တော် (RMA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article