27.9 C
Yangon

အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန့်နေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် တိုက်ပွဲဖြစ်ပွားခဲ့သော ကြို့ကိုးပင်ရွာ အပါအဝင် အနီးအနားရှိ ကိုင်းကြီးရွာနှင့် မအူတန်းရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများသည် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ စစ်ခွေးတွေ အထိနာလို့ ကျေးရွာတွေကို စက်တပ်လေထီးတွေနဲ့ ဗုံးပတ်ကျဲသွားတာ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပေးမယ်ံ့ စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်မှာကို စိုးရိမ်လို့ ပြည်သူတွေကတော့ ရွာထဲကို မဝင်ရဲသေးဘူး။ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က အုတ်ဖိုမြို့ပေါ်မှ ကြို့ကိုးပင်ရွာကို စစ်ကြောင်းထိုးရန် ရောက်ရှိလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီထိ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားသောကြောင့် စစ်တပ် စစ်ကြောင်းက ညတွင်းချင်း အုတ်ဖိုမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article