ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တစ်ဖွဲ့ချင်း၊ တစ်စုချင်း၊ တစ်ဒေသချင်း တော်လှန်တိုက်ခိုက်ရမယ့်အချိန်မဟုတ်တော့ဘဲ အားလုံးစုစည်း ညီညွတ်စွာနဲ့ စုပေါင်းတက်ညီလက်ညီနဲ့ တော်လှန်ရေးနောက်တဆင့်တက်ဖို့ တိုင်းရင်းသားတပ် ခေါင်းဆောင်တွေ ယုံကြည်လက်ခံထားကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့၊ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို တော်လှန် နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးက အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို သီတာယုမွန်ခေါင်းဆောင်တဲ့ ပျူစောထီးအဖွဲ့က ဝင်ရောက် မီးရှို့နေမှုကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
