27.5 C
Yangon

မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ လာတက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ သို့ လာရောက်တက်ချိန် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်၊ မနက် ၆ နာရီ ၁၅ မိနစ် အချိန် မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတက်ရန် ပြင်ဦးလွင်မှ မန္တလေးသို့ ရောက်ရှိလာပြီး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းတွင် ခေတ္တဝင်ရောက်တည်းခိုခဲ့သည်ဟု သတင်းရရှိသဖြင့် ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မန်းတက္ကသိုလ်ရာပြည့်ပွဲတွင် မင်းအောင်လှိုင်က အရပ် သားပြည်သူ အများအပြားကို လူသားဒိုင်းဖြစ်အကာအကွယ် ယူပြီး ပွဲတက်မည်ဖြစ်ရာ အခမ်းအနားကို တိုက်ခိုက်ခြင်းက နေရာအတိအကျ ဖြစ်၍ ပိုမိုလွယ်ကူသော်လည်း အရပ်သားပြည်သူများပါ ထိခိုက်မည်ကို ရှောင်ရှားလိုသောကြောင့် မင်းအောင်လှိုင်ခေတ္တတည်းခိုရာ လပခ အတွင်းသို့သာ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများ၏ အကအခုန်များဖြင့် လူသားဒိုင်းလုပ်ထားသောကြောင့် မန်းတက္ကသိုလ်ရာပြည့်ပွဲတက်နေသော မင်းအောင်လှိုင်ကို ထပ်မံတိုက်ခိုက်ရန် အခွင့်မသာခဲ့သော်လည်း လပခ အတွင်းသို့ ပစ်ခတ်ထားမှုကြောင့် ၎င်း၏ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း၊ ယနေ့မစ်ရှင်မှာ နာရီပိုင်းအတွင်း လျှပ်တပျက်စီစဉ်ရသော မစ်ရှင် ဖြစ်သော်လည်း စစ်ခေါင်းဆောင်ကို အမှန်တကယ်ခြိမ်းခြောက် နိုင်သော မစ်ရှင်ဖြစ်သည့် အတွက်ကူညီအားဖြည့်ပေးသော် နယ်မြေခံ မဟာမိတ်တို့ကို အထူးကျေးဇူးတင်ကြောင်း Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောဆိုသည်။

“မင်းအောင်လှိုင် လပခမှာ လာတည်းတယ်လို့သိရလို့ ချက်ချင်းစီစဥ်လိုက်ရတာပါ။ ရှော့တိုက်ဒုံး ၂ လုံးစလုံး လပခထဲကိုကျတယ်လို့သိရပါတယ်။

ပစ်မှတ်ကတော့ မင်းအောင်လှိုင်ဆီကိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူလာ တဲ့ အချိန် ခြိမ်းခြောက်ပစ်နိုင်လို့ အောင်မြင်တယ်လို့ပြောရပါမယ်။ ပစ်ပြီးမကြာခင်မှာ MI 35 နဲ့ပါတ် ရှာတယ် Y 12 နဲ့ ကောပတ်ရှာတယ်။ လပခဝန်းကျင်ရော မန်းမြို့ပေါ်ရော ပတ်ဝဲနေတာ။ ရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ မစ်ရှင်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦး ဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နှင့် ရတနာပုံတပ်ဦးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWM ၏ Mission 46 အဖြစ် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ်ရာပြည့် အခမ်းအနားသို့ တက်ရောက်ပြီး ဖွင့်ပွဲ ဖွင့်လှစ်ခြင်း၊ အမှတ်တရ စကား ပြောခြင်း၊ တက္ကသိုလ်အဆောက်အအုံများကို ကြည့်ရှု စစ်ဆေးခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Eleven နှင့် BWM ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article