ဒီကနေ့ အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်က လစဉ် ခေါ်ယူနေတဲ့ စစ်မှုထမ်း တပ်သားတွေထဲက စစ်မှုထမ်း အပတ်စဉ် ၁၄ က တပ်သားသစ် ၅၀၀ ကျော်မှာ ကချင်နှင့် ရခိုင် အပါအဝင် ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးသွားခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်နှင့် သေဆုံးဒဏ်ရာရရှိထားတဲ့ အပတ်စဉ် ၁၄ က စစ်မှုတပ် သားသစ်တွေနဲ့ ကျန်ရစ်သူ မိသားစုတွေဆီကနေ သိရပါတယ်။
-မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ တပ်ချိန်းပြီး ပြန်လာတဲ့ စစ်သားတွေလိုက်ပါလာတဲ့ ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ရဲ့ ပြန်ကြားရေးဌာန တာ၀န်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-မန္တလေးတိုင်း၊ကျောက်ပန်းတောင်း မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ကြက်မောက်တောင်ဆည်ရေလျှံ ကျမှုကြောင့် ကျောက်ပန်းတောင်း – မိတ္ထီလာ ကားလမ်းမှာရှိတဲ့ ကြက်မောင်တောင်ကိုင်း တံတားဟာလည်း အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ကျိုးကျခဲ့ကာ ကားလမ်းယာယီပိတ်ထားရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
