စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်း ပေါ်တွင် ဆက်ကြေး ကောက်နေသည့် အကြမ်းဖက် စစ်တပ်ကို အဝေးထိန်းမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ၀ိုင်ဖိုင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန် မန္တလေး-မုံရွာ လမ်း ပေါ်တွင် ပြည်သူကို အနိုင်ကျင့် ဆက် ကြေး ငွေကောက်နေသော အကြမ်းဖက်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ် စစ်တပ်ဘက်မှ ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအပြီး စစ်တပ်ဘက်မှ စစ်ကူအင်အား ၃၀ ခန့် ထပ်မံရောက်လာသဖြင့် ထပ်မံ မိုင်းဆွဲခဲ့ကြောင်း၊ ဒုတိယအကြိမ် မိုင်းဆွဲမှုတွင် စစ်ကောင်စီဘက်မှ တပ်သား ၁၁ ဦးခန့် ထိခိုက်သွားကြောင်း ၊တော်လှန် ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး ၃ဦးက နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ စခ ၁၁ ဦးက ထိခိုက် ဒဏ်ရာရပါတယ်။ စစ်ခွေး အင်အားကတော့ ၄၀ လောက်တော့ရှိမယ်။ မိုင်းဆွဲတဲ့ အဝေးထိန်းမိုင်းကတော့ စုစုပေါင်း ၁၂ လုံးနဲ့ ၃ပွိုင့်ပါ။ မုံရွာမြို့အထွက် မုံရွာမုခ်အပေါက်နားမှာ အထိုင်ချတဲ့ ဂိတ်ကနေပြီးတော့ သူက တောင်ဘက်ကို ထွက်လာတယ်။ အဲဒီ ဂိတ်ကနေပြီးတော့ တောင်ဘက်ကို လမ်းလုံခြုံရေး ယူပြီး ပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတာပေါ့”ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ၀ိုင်ဖိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း ၄၊ တပ်ခွဲ ၄ 5/ Teacher Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၈ တပ်ခွဲ ၃ ၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၄ TSG တပ်ရင်း ၊ ChinDwin Fighter Group တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်သူများ အနေဖြင့် မုံရွာ မန်းလေး ပေါ်တွင် စစ်တပ်ယာဉ်တန်းများနှင့်တွေ့ဆုံပါက နောက်မှ ကပ်မလိုက်ကြရန် 5/ Commando Force အဖွဲ့က သတိပေးနှိုးဆော်ထားသည်။
