26.7 C
Yangon

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရန် တောင်းဆိုလိုက်ပြီး ICC တရားရုံးက မင်းအောင်လှိုင်အပေါ် ဖမ်း၀ရမ်းထုတ်ရေး နှောင့်နှေးနေမှုကို မေးခွန်းထုတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရေး အရပ်သားများ၊ ရိုဟင်ဂျာများနှင့် မြန်မာ လူမှုအဖွဲ့အစည်းအားလုံးက တောင်းဆိုထားကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ကာကွယ်သူ ၃ ဦးက ဂျီနီဗာတွင် ကျင်းပသည့် အကြိမ် ၆၀ မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးနှင့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာများ၏အခြေအနေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိစေရေး၊ ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုခဲ့သည်။

ရိုဟင်ဂျာအရေး လှုပ်ရှားနေသော Burmese Rohingyas Organization UK ၏ ဥက္ကဌ ဦးထွန်းခင်က “တရားမျှတမှုကို လိုချင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကျနော်သွားလည်တုန်းက လွတ်မြောက်လာသူတိုင်းက တရားမျှတမှုကိုလိုချင်တယ် ဆိုတာကို ပြောကြတယ်။ တရားမျှတမှုအတွက် ၈ နှစ်ကြာအောင် စောင့်ခဲ့ရပြီးပြီ။ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ် မြောက်လာသူတွေအတွက် တရားမျှတမှုရဖို့က အရေးကြီးပါတယ်” ဟု ပြောဆိုသည်။

ဦးထွန်းခင်က မြန်မာစစ်ခေါင်းဆောင်များကို တရားဥပဒေအရ အရေးယူရန် အာဂျင်တီးနားတရားရုံးတွင် တရားစွဲဆိုထားသူလည်းဖြစ်သည်။

ဦးထွန်းခင်က နိုင်ငံတကာတရားစီရင်ရေး ယန္တရားများ၏ နှောင့်နှေးမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ခြင်းကဲ့သို့သော ကိစ္စရပ်တွင် ICC တရားရုံးက လျင်မြန်သော အရေးယူဆောင်ရွက်မှု လုပ်ခဲ့သော်လည်း မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရေး အပါအဝင် မြန်မာနိုင်ငံအရေးကိစ္စတွင် ICC တရားရုံးက နှောင့်နှေးနေမှုအပေါ် ဦးထွန်းခင်က မေးခွန်းထုတ်သည်။

“တရားမျှတမှု နှောင့်နှေးခြင်းက တရားမျှတမှုကို ငြင်းပယ်ခြင်းဖြစ်ပါတယ်။ တရားမျှတမှုဆိုတာ မျက်နှာလိုက်လို့မရပါဘူး။ ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတဲ့ သူတိုင်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းခင် ပြောဆိုပြီး AA ကြောင့် ရိုဟင်ဂျာအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Türkက မြန်မာ့အရေးနှင့်ပတ်သက်၍ ICC တရားရုံးကို လွှဲပြောင်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြိမ်ကြိမ် တိုက်တွန်းထုတ်ဖော်ပြောဆိုထားသည်။

“ဒီနေ့၊ မြန်မာနိုင်ငံက ဘ၀တွေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအတွက် ကြုံဖူးသမျှ အဆိုးဆုံးဖြစ်နိုင်ပါတယ်။ သမိုင်းတစ်လျှောက် ဆိုးရွားတဲ့ အခြေအနေတွေကို ကြုံနေရတာပါ။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှု တောင်းဆိုချက်တွေကို အာရုံစိုက်စေချင်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Türkက တိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article