29.2 C
Yangon

နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ကလေးငယ်တွေ အပါအဝင် ၁၀ ဦး ထက်မနည်း ဒဏ်ရာရတယ်လို့တော့ သိထားပေမယ့် ကျနော်တို့ အရေအတွက်ကို အတည်ပြုလို့မရသေးပါဘူး။ အသေးစိတ် အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။ ဗုံးကျဲ တိုက်ခိုက်သွားတဲ့ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာ တာဝန်ခံက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article