ရန်ကုန်၊ အောက်တိုဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ တာလုံရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို စစ်တပ်က တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုမှာ ၂ ကြိမ် လာရောက် ကျဲချသွားခြင်းဖြစ်ပြီး ရဲစခန်းနှင့် အထက်တာလုံရပ်ကွက်ကို ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီမနက် လာကျဲတာက အထက်တာလုံရပ်ကွက်နဲ့ ရဲစခန်းဘက်ကို ကျဲတာလို့ သိရတယ်။ အထိအခိုက်တော့ မသိရသေးဘူး” ဟု မိုင်းငေါ့မြို့မှ ဒေသပြည်သူများနှင့် အဆက်အသွယ်ရှိနေသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ အောက်တိုဘာ ၅ ရက်နေ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြိုနယ် ၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ ၂ လုံးပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၊ မြိတ်၊ ထားဝယ်ခရိုင် က ထုတ်ပြန်သည်။
အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စစ်တပ်က သဲချောင်းကြီးကျေးရွာသို့ လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး ရွာလယ်သို့ ဗုံးကျရောက်ပေါက်ကွဲသဖြင့် အသက် ၉၁ နှစ်အရွယ် ဒေါ်ကျင်အေး ၊ အသက် ၅၀ နှစ် ဒေါ်မာမာ ၊ အသက် ၁၀ နှစ် မသီရိနိုင် နှင့် အသက် ၅၈ နှစ်အရွယ် ဦးစိုး တို့ဒဏ်ရာရရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း စစ်တပ်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာမှ နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကို လေကြောင်းနှင့် မြေပြင်စစ်ကြောင်းများဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






