ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နဲ့ ရည်းစားဖြစ်သူ မအေမွန်အောင်တို့ကို ဖမ်းမိခဲ့ပြီး နိုင်ငံခြားလူသတ် ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း ပြည်သူတွေဘက်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး သံသယဖြစ်နေကြပါတယ်။
- စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို အသင့်စောင့်ကြို တိုက်ခိုက် ခဲ့ရာ စစ်သားနဲ့ ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံမှာ စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးတာ လုပ်ခလစာ မလုံလောက် တာနဲ့ အဓမ္မစစ်မှုထမ်းခိုင်းတာတို့ကြောင့် မြန်မာလူငယ်တွေ အလုံးအရင်းနဲ့ ပြည်ပကို ထွက်ခွာနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
