33.1 C
Yangon

၀ိုင်းမော်နှင့် ဗန်းမော်တိုက်ပွဲများတွင် စစ်တပ်ကာကင်းစခန်းများနှင့်တပ်စွဲရာနေရာများကို KIA ပူးပေါင်းတပ်များက ပြန်လည် သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် သေဆုံးမှုများပြားဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ကချင်ပြည်နယ်၊ ၀ိုင်းမော်နှင့် ဗန်းမော်တိုက်ပွဲများတွင် စစ်တပ်၏ ကာကင်းစခန်းများနှင့် တပ်စွဲရာ နေရာများကို KIA ပူးပေါင်းတပ်များက ပြန်လည် သိမ်းပိုက်လိုက်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းမှ စစ်တပ်နှင့် ပြည်သူ့စစ်အင်အား ၁၀၀ ဝန်းကျင်က KIA တပ်စွဲထားသော လမြန်ကျေးရွာသို့ ထိုးစစ်ဆင်လာကြောင်း၊ ထိုသို့ ထိုးစစ်လာပြီးနောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် KIA ပူးပေါင်းတပ်များက ပြန်လည် ထိုးစစ်ဆင်ကာ စစ်တပ်ကာစခန်းတချို့ကို ပြန်လည် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်စစ်ကြောင်းများမှာ မူလတပ်စွဲထားရာ ၀ိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းထဲသို့ ပြန်လည် ဆုတ်သွားကြောင်း သိရှိရသည်။

“ကျနော်တို့ရှိနေတဲ့ နေရာတွေကို သူတို့က မြေပြင်ကနေ ထိုးစစ်ဆင်လာတာ။ နေ့တိုင်း တိုက်ပွဲတွေက​ ဖြစ်တယ်။ အခု သူတို့ရဲ့ အခိုင်အမာတပ်စခန်းကြီးတွေတော့မဟုတ်ဘူးပေါ့နော်။ ကာကင်းစခန်းတွေကို ကျနော်တို့ သိမ်းလိုက်နိုင်တယ်။ ကျနော်တို့ အရင်တပ်စွဲခဲ့တဲ့နေရာတွေကို သူတို့ သိမ်းထားတာတွေလည်း ကျနော်တို့ ပြန်သိမ်းတာပါ” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ထို့ပြင် ဗန်းမော်တိုက်ပွဲများမှာလည်း နေ့စဉ် ပြင်းထန်လျက်ရှိပြီး KIA ပူးပေါင်းတပ်များက ခလရ ၄၇ အနီး စစ်တပ်စွဲထားသော နေရာ ၄ ခုထက်မနည်းကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ယမန်နေ့ ဗိုလ်မှူး ၁ ဦး အပါအဝင် အရာရှိများ သေဆုံးကြောင်း၊ တိုက်ပွဲများမှာမူ နေ့တိုင်း ဖြစ်ပွားလျက်ရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ရှင်းပြသည်။

“တိုက်ပွဲကတော့ နေ့တိုင်း ဆက်ဖြစ်နေတာပါ။ ခလရ ၄၇ မှာ သူတို့ လုံခြုံရေး ယူထားတဲ့နေရာတွေ။ သူတို့က ​ပြည်သူလူထုနေအိမ်တွေထဲမှာ ဝင်ပြီး နေကြတာ။ အဲဒါတွေကိုကျနော်တို့ ပြန်သိမ်းတယ်။ မနေ့က သူတို့ဘက်က ဗိုလ်မှူး ၁ ဦးနဲ့ အရာရှိ စစ်သည်တွေ ကျတယ်။ နောက်ပြီး ၂ မိုင်ဝန်းကျင်မှာ ရှိတဲ့ စစ်တပ်က တပ်စွဲထားတဲ့ ၃ ၊ ၄ နေရာကိုလည်း ကျနော်တို့ ပြန်သိမ်းပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း စစ်တပ်၏ တပ်စွဲထားသော နေရာများနှင့် တပ်စခန်းများကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စစ်တပ်၏ ထိုးစစ်ကို ခုခံခြင်းနှင့် တန်ပြန် ထိုးစစ်ဆင်ခြင်းများကိုလည်း တောက်လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article