33.1 C
Yangon

အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေး အပါအဝင် မြန်မာ့ရေး ဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ၁ ရက်ကြာ လာရောက်၊ မင်းအောင်လှိုင် အပါအဝင် အကြမ်းဖက်စစ်တပ် ထိပ်ပိုင်းနှင့်တွေ့ဆုံမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး၊ ရွေးကောက်ပွဲအရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေး အပါအဝင် မြန်မာ့အရေး ကိစ္စများ တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato Seri Utama Haji Mohamad Bin Haji Hasan က မြန်မာနိုင်ငံသို့ ယနေ့ ၁ ရက်တာ လာရောက်မည်ဖြစ်ကြောင်း မလေးရှား အစိုးရက သတင်းထုတ်ပြန်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော် ခရီးစဉ်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ညိုစော နှင့် သန်းဆွေတို့ကို တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်မှာ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သော ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ လာရောက်ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံ အထူးကိုယ်စားလှယ်ပါ လိုက်ပါလာမည်ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေး တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲအရေးကိစ္စကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် ကြားဝင်စေ့စပ်မှုမှာ အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မလေးရှားအစိုးရအနေဖြင့် မြန်မာ့များကိုယ်တိုင် ဦးဆောင်သော အကျပ်အတည်း ဖြေရှင်းရေးကို ပိုမို အားပေး ထောက်ခံကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Malaysia’s Foreign Minister Mohamad Hasan attends the 57th ASEAN Foreign Ministers’ Meeting at National Convention Center, in Vientiane, Laos, July 26, 2024. REUTERS/Chalinee Thirasupa
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article