မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငွေသောင်ကျေးရွာသို့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ က ဝင်ရောက်စီးနင်းပြီး လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ စလင်းမြို့နယ်ရှိ ငွေသောင်ကျေးရွာကို ပျူစောထီးအဖွဲ့ အင်အား ၁၀ ဦးက လက်နက်များဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
“စလင်းမြို့နယ် ငွေသောင်ကျေးရွာမှာရှိတဲ့ လူငယ် ၇ ဦးကို ပျူစောထီးအုပ်စုက ဖမ်းဆီးတယ်။ ဖမ်းဆီးခံထားတဲ့ လူငယ် ၃ ယောက်ကတော့ ငွေပေးပြီးမှ ပြန်လွတ်လာတယ်။ နောက်ထပ် လူငယ် ၄ ယောက်ကတော့ ပြန်လွတ်လာတာ မရှိသေးဘူး။ ငွေသောင်ကျေးရွာမှာ ဖမ်းဆီးခံရတာတော့ အမျိုးသား လူငယ် လူ လတ်ပိုင်းတွေပါ။ ငွေကြေးနဲ့ ပြန်ရွေးတဲ့ ပြည်သူ ၃ ဦးမှာ တစ်ယောက်ကို သိန်း ၅၀၊ သိန်း ၇၀ ၊ သိန်း၈၀နဲ့ အဲဒီလိုပြန်ရွေးရတယ်။ ပေါ်တာဝင်ဆွဲတဲ့ ပျူစောထီး အဖွဲ့ အင်အားကတော့ ၁၀ ယောက်ကျော်ပါ။ သူတို့ လက်နက်ခဲယမ်း တွေတော့ ပါတယ်။ နေအိမ်တော့ မီးရှို့သွားတာမျိုး မရှိပါဘူး။ လက်ရှိမှာ ဖမ်း ဆီးထားတဲ့ လူငယ် ၄ ဦးကို စလင်းမြို့ မြို့မ ရဲစခန်း အချုပ်ထဲတွင် ဖမ်းဆီးထားတယ် “ဟု ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း စလင်းမြို့ပေါ်ရှိ ရပ်ကွက်များသို့ အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးတွေ ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူတစ်ဦးကို အကြမ်း ဖက် စစ်တပ်က ဖမ်းဆီးခဲ့စဉ်။
Photo- Agency။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
