ရန်ကုန်၊ အောက်တိုဘာ ၉
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဘော်ဒါဆောင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း CDF မင်းတပ် တပ်ဖွဲ့က သတင်းထုတ်ပြန်သည။
ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်အချိန်၊ ညနေ ၆ နာရီ ၅၉ မိနစ်အချိန်နှင့် ည ၇ နာရီ ၃ မိနစ်အချိန်တို့တွင် စစ်တပ်က မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ရှိ ကျေးရွာ ၂ ခုကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာရှိ ဘော်ဒါဆောင်ကျောင်းသို့ ဗုံးများ ကျရောက်ပေါက်ကွဲပြီး ပညာသင်ကြားနေသော ကျောင်းသား ၃ ဦး၊ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ၁၀ ဦးကျော်မှာလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဘော်ဒါဆောင်စာသင်ဆောင်များအပါဝင် နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်တပ်က အောက်တိုဘာလ ၈ ရက်နေ့ စစ်တပ်က ကျောက်မဲမြိုနယ်ရှိ နမ့်မန်းတံတားကို လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ တံတားထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို ၁၀၂၇စစ်ဆင်ရေးအပိုင်း ၂ တွင် ပထမအကြိမ်မိုင်းခွဲဖျက်စီးခဲ့ပြီးနောက် ယခုတွင် ဒုတိယအကြိမ်ဖြစ် လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါတံတား ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






