29.2 C
Yangon

မော်လိုက်နှင့် ပုလောတို့တွင် စစ်မှုထမ်းတပ်သားသစ် ၂ ဦး၊ ပျူစောထီး ၂ နှင့် ဆယ်အိမ်မှူး ၁ ဦးတို့ လက်နက် ၇ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး၊ ပျူစောထီး ၂ နှင့် ဆယ်အိမ်မှူး ၁ ဦးတို့ လက်နက် ၆ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Mawlaik Revolutions မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလအတွင်း စစ်တပ်၏ ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ကိုဟန်ဌေးဦးသည် MA အမျိုးအစား သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ အလားတူ မော်လိုက်မြို့နယ် ကြို့ကုန်းပင်ရွာမှ ဆယ်အိမ်မှူး ကိုကျော်မင်းဌေးသည်လည်း သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထို့ပြင် မော်လိုက်မြို့နယ် ရွာသစ်ရွာမှ ပျူစောထီး တပ်သားသစ် ကိုမင်းဇော်ထွန်းနှင့် နောင်ပိန်းရွာမှ ပျူစောထီး ကိုလွင်မိုးတို့သည်လည်း သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို စစ်မှုထမ်း တပ်သားသစ်များနှင့် ဆယ်အိမ်မှူးသည် သိမ်းငှက်စစ်ဆင်ရေး အတွင်း ၎င်းတို့ ကိုင်ဆောင်ထားသော လက်နက်၊ ခဲယမ်းနှင့် အတူ တော်လှန်ရေး တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အကုန်လုံးက စက်တင်ဘာလ အတွင်းမှာ သူတို့ ကိုင်ဆောင်တဲ့ လက်နက်တွေ ယူဆောင်လာပြီး တော်လှန်ရေး တပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်လာခဲ့တာပါ။ လက်နက်တွေ ယူဆောင်လာတဲ့အတွက် သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ထားတယ်လို့ သိရတယ်” ဟု Mawlaik Revolutions မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ခလရ ၁၀၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU – မြိတ်-ထားဝယ် ခရိုင် က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် ပုလောမြို့နယ်တွင် စစ်တပ်၏ ခလရ-၁၀၁ တပ်ရင်း မှ စစ်မှုထမ်းတပ်သား ၁ ဦး သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇)ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ်သည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောင် ၄ ခု နှင့် ကျည်များ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ၊ ထို စစ်မှုထမ်း တပ်သားသစ်သည် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မဖမ်းဆီးခံရပြီး စစ်တပ်ထဲ ပို့ဆောင်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်တွင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် တပ်သားများ အနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန် KNU-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article