29.2 C
Yangon

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်း အများအပြား ဖမ်းမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ ပျူစောထီးစခန်း၊ အော်ဇီးခုံရွာ စခန်း၊ ညောင်ဝန်းရွာပျူစောထီး ဂိတ်စခန်း၊ နောင်ပိန်းရွာ စခန်းကုန်း၊ နားပင်ရွာစခန်းကုန်းနှင့် တောင်းအင်ရွာစစ်တပ်စခန်း စသည့် ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။

“တိုက်ခိုက်သိမ်းပိုက်တာက ၅ ခုပါ၊ တောင်းအင်စခန်းကုန်းကတော့ စခတွေ ဆုတ်ခွာထွက်ပြေး တာပါ။ စုစုပေါင်းစခန်း ၆ ခုသိမ်းပိုက်ရရှိခဲ့ပါတယ်။ ထိခိုက်၊ ဖမ်းဆီး၊ သိမ်းဆည်းရရှိမှုတွေကတော့ စစ်ဒေသက ထုတ်ပြန်ပါလိမ့်မယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်၊ ကျဆုံး အနည်း ငယ်တော့ ရှိပါတယ်” လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိပါဘူး။ စစ်ရေးတင်း မာနေတဲ့ အ ခြေအနေတော့ ရှိပါတယ်” ဟု မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“သိန်းငှက် စစ်ဆင်ရေး” ကို မော်လိုက် တော်လှန်ရေး အင်အားစုများဖြစ်သည့် ခရိုင် တပ် ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံ ရေးတပ်ဖွဲ့(ပလဖ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိန်းငှက်စစ်ဆင်ရေး”အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အတင်းအကြပ်ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့် စစ်သား ၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုဘက်မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article