26.1 C
Yangon

ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ယမ်း ချက်ဘက်မှ တဆင့် ဖားကန့်မြို့အရှေ့ဘက် မလန်းကျေးရွာဘက်သို့ အကြမ်းဖက်စစ်တပ်က အင် အား အလုံးအရင်းဖြင့် စစ် ကြောင်းထိုးလာခဲ့ရာ KIA ၊ KPDF တပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေပြီး အ ကြမ်းဖက်စစ်တပ်က အထိနာသောကြောင့် Y12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ခန့်ကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ဖားကန့်မြို့ရဲ့အရှေ့ဘက်အခြမ်း မလန်းကျေးရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေက လုံးခင်း၊ ယမ်းချက်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေတာ ၅ ရက် ၆ ရက်ရှိပြီ။ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ကလည်း ဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ ပြန်လည်ခုခံ တိုက် ခိုက်တော့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေတယ်။ စစ်ကောင်စီစစ်ကြောင်းဘက်ကလည်း အထိနာတာ ရှိတယ်။ အဲလိုအထိနာတော့ လေကြောင်းသုံးတယ်။ ဒီမနက်က Y12 နဲ့တိုက်ခိုက်သွား တယ်၊ Y12 နဲ့ ၉ ခေါက်လောက်ပတ်ပြီးတော့ ဗုံး အလုံး လေးငါးဆယ် လောက်ချသွားတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဖားကန့်မြို့ အရှေ့ဘက်ခြမ်းရှိ လယ်ပြင် ၊ မလန်း၊ ရွာ ဟောင်းဘက်တို့မှ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဖားကန့်မြို့ တပ်မ ကုန်းမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ကူပေးတိုက်ခိုက်သော်လည်းအထိနာလျက်ရှိသောကြောင့် လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ယမန်နေ့‌ အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ဖားကန့်မြို့သို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကောင်းမင်းထွဋ်နှင့် မိုး ကောင်းအခြေစိုက် တပ်မဟာ ၃ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းတို့ ဦးဆောင်သည့် အကြမ်းဖက်စစ် ကြောင်းက ပြည်သူလူထုကို လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ၄ လကျော်အတွင်း ပြည်သူ ၉၀ နီးပါး သေဆုံးကာ ၂၇၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ – ဇူလိုင်လနှောင်းပိုင်းမှစတင်ပြီး ဖားကန့်ဒေသသို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဇူလိုင်လနှောင်းပိုင်းမှစတင်ပြီး ဖားကန့်ဒေသသို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article