26.1 C
Yangon

ပုလောမြို့နယ်တွင် ခလရ ၁၀၁ တပ်ရင်းနှင့် ခမရ-၄၃၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ခလရ ၁၀၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး နှင့် ခမရ ၄၃၃ တပ်ရင်း စစ်မှုထမ်း တပ်သားသစ် ၁ဦးတို့သည် သေနတ် ၁လက် ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့- King Cobra Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ခမရ ၄၃၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုသိုင်းသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊တပ်မဟာ ၄ တပ်ရင်း ၇ ၊KNDOတပ်ခွဲ ၂ လက်အောက်ခံ တော ကြီးမြွေဟောက်​တပ်ဖွဲ့(King Cobra Force) ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ရက်နေ့တွင်လည်း ပုလောမြို့နယ်တွင် ခလရ ၁၀၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ရဲသီဟသည် သေနတ် ၁ လက်နှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသောကြောင့် တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force) ရဲဘော်များက သွားရောက်ကြိုဆို လက်ခံရရှိခဲ့ကြောင်းသိရှိရသည်။

အလင်းဝင်ရောက်လာသော စစ်မူ့ထမ်းတပ်သားသစ် ရဲသီဟနှင့် အတူ လက်နက် MA-1 ၁ လက်၊ ကျည်ဘောက် ၄ ခု ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်မှုထမ်း တပ်သားသစ် ရဲသီဟသည် အသက် ၁၉နှစ်အရွယ်ဖြစ်ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အတင်းအဓမ္မဖမ်းဆီးခံခဲ့ရပြီး မြိတ်မြို့သို့ ပို့ဆောင်ခံခဲ့ရကြောင်း ၊အခြား အလင်းဝင် စစ်မှုထမ်း တပ်သားသစ် ကိုသိုင်းမှာမူ အသက် ၂၉နှစ်အရွယ်ဖြစ်ပြီး ၂၀၂၄ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မတပ် သား​​ဖြစ်စုဆောင်းကာ မြိတ်မြို့သိုပို့ဆောင်ခံခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

ပြည်သူရင်ခွင်ခိုလှုံလာသော စစ်မူထမ်းတပ်သားသစ်များကို တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force)က ထိုက် တန်သော ဆုကြေးငွေများချီး မြင့်၍ကောင်းမွန်စွာစောက်ရှောက်မူပေးထားခဲ့ကြောင်း၊ အလားတူပင် အာဏာရှင်စစ်ကောင်စီအကြမ်းဖက်တပ်မှ စစ်မူထမ်းများ အလင်းဝင်ရောက်၍ပြည်သူ့ရင်ခွင်ခိုလှုံလိုပါက တောကြီး​မြွေဟောက်(King Cobra Force)တပ်ဖွဲ့အပြင် သက်ဆိုင်ရာနယ်မြေအသီးသီးမှ တော်လှန်ရေးတပ်ဖွဲ့များထံသို့လည်း ဆက်သွယ်နိုင်ကြောင်း တောကြီး မြွေဟောက်တပ်ဖွဲ့- King Cobra Force မှ အသိးပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article