25.8 C
Yangon

ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်အတွင်း လူစုလူ‌ဝေးပြုလုပ်သည်ဟုဆိုကာ မတရား ဒေါက်ခတ်တိုက်ပိတ်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်အတွင်း လူစုလူ‌ဝေးပြုလုပ်သည်ဟုဆိုကာ မတရား ဒေါက်ခတ်တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆို နိုင်ငံရေး အကျဉ်းသား ၁၆ ဦးသည် မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အခြားရာဇဝတ်အကျဉ်းသားများက ဝိုင်းဝန်းထိုးကြိတ်မှုအပေါ် မကျေနပ်သည့်အတွက် ဖြေရှင်းပေးရန် အဆောင်မှူးကို တင်ပြခဲ့သည့် ဖြစ်စဉ်အပေါ် ဖြေရှင်းပေးခြင်းမရှိဘဲ လာရောက်တင်ပြသူများကို သာ လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ တိုက်ပိတ် ပြစ်ဒဏပေးခြင်းဖြစ်ကြောင်း PPNM က ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ၅ ဦးတစ်စုနှုန်း လူခွဲပြီး ပြစ်ဒဏ်တိုက်ခန်းများတွင် တိုက်ပိတ်ထားဆဲဖြစ်ပြီး ခြေကျင်းဒေါက်များပါ ခတ်ထားကြောင်း သိရှိရသည်။

” ဒီဖြစ်စဉ်မှာဆိုလည်း နိုင်ငံရေးအကျဉ်းသားတွေဟာ တရားမျှတမှု ရရှိဖို့အတွက် တောင်းဆိုမှုအပေါ်မစှာ လူစုလူဝေးပြုလုပ်တယ်ဆိုတဲ့ ထောင်အာဏာပိုင်တွေရဲ့ ပြောဆိုမှု၊ ထင်မြင်မှု တစ်ခုနဲ့တင်ပဲ ဘာမှတရားဥပဒေမျှတမှု မရှိဘဲနဲ့ နိုင်ငံရေးကျဉ်းသားတွေကို ထင်ရင် ထင်သလို စိတ်ထဲမှာ ရှိတဲ့အတိုင်း သူတို့ ပါးစပ်က စကားလုံးတိုင်းက အမိန့်ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိကိုမှ ဖိနှိပ်နေတာဖြစ်ပါတယ်”ဟု PPNMမှ ဗဟိုဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်၏ မတရား တိုက်ပိတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားများမှာ ကိုဉာဏ်လင်းနိုင်၊ ကိုသဲဦးပိုင်၊ ကိုခန့်ညားသူ၊ ကိုလင်း၊ ကိုကျော်လင်းမောင်၊ ကိုဇော်မျိုး၊ ကိုရှမ်းလေး၊ ကိုမင်းနိုင်ထွန်း ခေါ် ကြက်ဖကြီး၊ ကိုကျော်သူရဝင်း ခေါ်ကျော်ကြီး၊ ကိုဇော်မင်းထိုက်၊ ကိုမျိုးကြီး၊ကို ဇော်ကြီး၊ ကိုဇင်မျိုးထိုက်၊ ကိုထက်လင်း ၊ကိုဇင်ကိုဖြိုး ၊ ကိုအာကာမင်းနှင့် ကိုဗူးသီး တို့ဖြစ်ပြီး အဆိုပါတိုက်ပိတ်ခံထားရသူများ၏ နောက်ဆက်တွဲ ကိစ္စရပ်များအပေါ် ဒိုက်ဦး ထောင်အာဏာပိုင်နှင့် အကျဉ်းဦးစီးအရာရှိများမှ အထူးတာဝန်ယူရလိမ့်မည်ဟု PPNM က သတိပေးသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသား နိုင်ငံရေးအကျဉ်းသားများ ကိုသာမက နိုင်ငံရေးအကျဉ်းသူများ အပေါ်တွင်လည်း ဖိနှိပ်မှုကို သိသိသာသာလုပ်ဆောင်လာနေသည်ကို တွေ့ရှိရပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ အဓမ္မ အင်အားသုံးခေါ်ဆောင်၍ အမျိုးသားအဆောင်တိုက်ဝန်းအတွင်း တိုက်ပိတ်ပြစ်ဒဏ်များချမှတ် အပြစ်ပေးခဲ့ကြောင်းလည်း PPNM ထံမှ သိရှိရသည်။

ထိုသို့ မတရား တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်‌ဆုံး တိုက်ပြန်ဖွင့်၍ မူလအဆောင်များတွင်ထားရှိရန် PPNM အနေဖြင့် တောင်းဆိုလိုက်ပြီး ယခုကဲ့သို နိုင်ငံရေးအကျဉ်းသားများအပေါ် မတရားဖိနှိပ်နေသည့် သက်ဆိုင်ရာ ဒိုက်ဦးအကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းအရာရှိများနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို ထိရောက်သည့် တရားမျှတမှုများကို ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

“ဒီလိုဖိနှိပ်မှုတွေ လုပ်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်လောက်ဘူးလို့ သူတို့ ယူဆနေတာ ပါပါလိမ့်မယ်။ ဒါပေမဲ့ အရှေ့တွေမှာ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ မတရားရဲ့ လုပ်ရပ်တွေက ဒီတိုင်း မပြီးသွားဘူးဆိုတဲ့ အခြေအနေတွေကိုတော့ ဖြစ်ခဲ့ဖူးပါတယ်။ နောက်မှာလည်း ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေတဲ့ အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေ အပါအဝင် သူတို့ရဲ့ စေခိုင်းမှာကို လိုက်ပါ လုပ်ဆောင်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့ အထူးသတိထားပြီးမှ နေထိုင်သွားလာကြဖို့ပဲ ပြောလိုပါတယ်။ ကျွန်တော်တို့ တရားမျှတမှုကို ရတဲ့ နည်းနဲ့ နစ်နာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်စား ကြိုးစားသွားမှာ ဖြစ်တယ်။ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် ၄၀ ကျော်ကို PPNM ၏ စောင့်ကြည့်မှုအရ ထောင်တွင်းလူ့အခွင့်အရေးနှင့် အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများတွင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်း ထောင်သည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုအများဆုံး ထောင် ၅ ခုထဲတွင် တစ်‌ခုအပါအဝင် ဖြစ်ကြောင်း သိရှိရသည်။ရန်ကုန်၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် ၄၀ ကျော်ကို PPNM ၏ စောင့်ကြည့်မှုအရ ထောင်တွင်းလူ့အခွင့်အရေးနှင့် အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများတွင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်း ထောင်သည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုအများဆုံး ထောင် ၅ ခုထဲတွင် တစ်‌ခုအပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article