25.8 C
Yangon

ညောင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကန်နီပေါက်ကျေးရွာကို မီးတင်ရှို့နေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ညောင်ဦးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သေနတ်များ ပစ်ဖောက်ကာ ကန်နီပေါက်ရွာ၊ ကျောက်ကန်ရွာနှင့် မန်ကျည်းတန်းရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မန်ကျည်းတန်းတစ်ရွာလုံးကို ဝင်ရောက် စီးနင်းပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ကန်နီပေါက်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကန်နီပေါက်ရွာ၊ ကျောက်ကန်ရွာနှင့် မန်ကျည်းတန်းရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က စစ်ခွေးတွေက မန်ကျည်းတန်း တစ်ရွာလုံးက တစ်အိမ်ဝင်တစ်အိမ်ထွက် ပစ္စည်းတွေ အကုန်ယူသွားပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာတော့ စစ်ခွေး စစ်ကြောင်းက ကန်နီပေါက်ရွာကို မီးရှို့ပါတယ်။ ကျောက်ကန်ရွာကိုတော့ ဝင်မွှေနေတယ်။ စစ်ခွေး အင်အားက ရာနဲ့ချီပါတယ်။ စစ်ခွေးတွေ ဝင်မွှေနေတဲ့ ရွာတွေ အပါအဝင်အနီးအနားက ရွာတွေကပါ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက ရွာတွေထဲ မဝင်ခင် သေနက်တွေ ဖောက်တယ်။ အိမ်ထဲမှာရှိတဲ့ တန်ဖိုးရှိ ပစ္စည်းဆို အကုန်ယူသွားပါတယ်။ သော့ခတ်ထားရင် သော့ကိုရိုတ်ချိုးဝင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျောက်ပန်းတောင်း-ညောင်ဦး လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ ငွေကြေး အဆမတန် တောင်းခံနေကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- အညာဒေသတွင် စစ်တပ်က ပြည်သူများ၏​ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article