ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်ဗျူဟာနဲ့ တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း တိုက်ခိုက်ဖို့ကို သွေးထိုးလှုံ့ဆော်နေတယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်တဲ့ အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်၊ Quanzhou မြို့မှာ လူသတ်မှုအပါအဝင် ရာဇဝတ်ပုဒ်မများစွာနဲ့ ထပ်ပြီး တရားစွဲလိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ ပြည်သူတွေကို မဲစာရင်းအတွင်း ထည့်သွင်းထားတဲ့အတွက် ပြည်သူတွေက လာရောက်ဖြေရှင်းရာမှာ ခွေးနဲ့ ခိုင်းနှိုင်းပြော ဆိုခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
