ဒီကနေ့ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်တွေကို သံအမတ်အဖြစ် ခန့်အပ်လိုက်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲတွေအဖြစ် ပြောင်းရွှေ့နေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့ရဲ့ ပြောဆိုချက်နဲ့အတူ စစ်တပ်က ထုတ်ပြန်တဲ့ ပြန်တမ်းတွေအရ သိရပါတယ်။
-ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန် နေပြီး အကြမ်းဖက် စစ်တပ်ဘက်က အယောက် ၂၀ ကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်း ဆည်း ရရှိခဲ့တယ်လို့ KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ၃၀ ကျော်သေဆုံး သွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
