29 C
Yangon

အီတလီနိုင်ငံ Monza မြို့ piazza Duomo 8 ရှိ Sala del Decanato တွင်”မြန်မာနိုင်ငံကို အာရုံစိုက်ခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

အီတလီနိုင်ငံ Monza မြို့ piazza Duomo 8 ရှိ Sala del Decanato တွင်”မြန်မာနိုင်ငံကို အာရုံစိုက်ခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က အထူးသက်သေခံပြောကြားသူအဖြစ် တက်ရောက်ခဲ့ကြောင်း၊ ကိုထိန်လင်း၏ သက်သေခံချက်ကို Mauro Sarasso က အီတလီလို ဘာသာပြန်ဆို၍ ဆွေးနွေးပွဲတက်ရောက်လာသူများကို တိုက်ရိုက်ပြောကြားခဲ့ကာ အီတလီနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ သူဇာလင်း နှင့် l’amiciziaItalia Birmania Giuseppe Malpeli အဖွဲ့အစည်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ အထက်လွှတ်တော်အမတ်ဟောင်း Albertina Soliani တို့က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ၊ ဆွေးနွေးပွဲ တက်ရောက်လာသူများကလည်း အပြန်အလှန်ပါဝင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ‌ကြောင်း သိရှိရသည်။

ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း လုံလောက်သော ဆေးကုသမှု မရရှိခြင်းနှင့် အထီးကျန်စွာ ချုပ်နှောင်ခံထားရခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာ‌သည့်အတွက် စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိသည်ကို ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article