31 C
Yangon

မြန်မာနိုင်ငံတွင် နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး စီမံကိန်းကို စစ်အုပ်စုက လက်တွေ့ အမြန်စတင်လိုသော်လည်း ရုရှားက နှေးကွေးစွာတုံ့ပြန်နေ၍ မင်းအောင်လှိုင် အားမလို အားမရဖြစ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် မင်းအောင်လှိုင်က နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး စီမံကိန်းကို လက်တွေ့ အမြန်စတင်လိုသော်လည်း ရုရှားက နှေးကွေးစွာတုံ့ပြန်နေ၍ စစ်အုပ်စုက အားမလို အားမရဖြစ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုး၍ သဘောတူညီထားသော နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး စီမံကိန်းကို ဖြစ်နိုင်သမျှ မြန်မြန် အမြန်ဆုံးစတင်လိုကြောင်း၊ သို့ရာတွင် ရုရှားဘက်အခြမ်းမှ တုံ့ပြန်မှု နှေးကွေးနေ၍ စီမံကိန်းမှာ ခရီးမပေါက်ဘဲ လက်တွေ့ ဖြစ်လာရန် ကြာမြင့်နေကြောင်း၊ မင်းအောင်လှိုင်က ဓာတ်ပေါင်းဖိုအတွက် လက်တွေ့ မြေနေရာ နှစ်ဖက် ညှိနှိုင်းရွေးချယ်ကာ ရုရှားဘက်မှ ပညာရှင်များနှင့် မြန်မာဘက်မှ ပညာသင်များ ပူးတွဲ၍ နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် အမြန်ဆုံး စတင်ချင်နေကြောင်း သိရှိရသည်။

“ဒီဘကက် ဓာတ်ပေါင်းဖို စီမံကိန်းကို နှစ်ဖက်ညှိနှိုင်းပြီးတော့ မြေနေရာရွေးတာ။ မြေသတ်မှတ်တာ။ နှစ်ဖက်ပူးပေါင်းအဖွဲ့တွေ Survey လုပ်တာတွေ စချင်နေပြီ။ ရုရှားဘက်က Process တွေ တအားနှေးနေတာ။ ရုရှား ပညာရှင်တွေ လာဖို့လည်း ဒီဘက်က Ready ဖြစ်ပေမယ့် ရုရှားဘက်က မြန်မြန်ဆန်ဆန် မလွှတ်သေးဘူး။ အခုထက်ထိကို နှစ်နိုင်ငံ သဘောတူညီချက်က လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံတွင် ရုရှားက မဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်ရန်နှင့် အဆိုပါ ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ လျှပ်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရေး နူကလီးယားဓာတ်ပေါင်းဖို အဆင့်တိုးမြှင့်နိုင်သွားရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းအတွက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ရုရှားက နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး နှင့် လည်ပတ်ရေးတို့ကို ရုရှားပညာရှင်များနှင့်အတူ မြန်မာနိုင်ငံမှ စစ်အရာရှိများကို ပူးတွဲ သင် ကြားပြသပေးသွားမည်ဖြစ်ပြီး စစ်အုပ်စုက နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှု အဆင့်လိုက်ချင်းစီအတွက် စစ်အုပ်စုက ရုရှားထံသို့ ငွေကြေးပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က နူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းအတွက် နူကလီးယားဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ရရှိထားသော ရုရှာပြန် စစ်ဗိုလ်အရာရှိများကို ပြန်လည်စုစည်းကား လက်တွေ့ နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ဘွဲ့လွန်ဘာသာရပ်များ သင်ကြားနိုင်ရေး ပညာတော်သင်များ ဆက်တိုက် စေလွှတ်လျက်ရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က နူကလီးယားနည်းပညာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် အသုံးပြုမည်ဟု ပြောဆိုထားသော်လည်း နူကလီးယားပညာရပ်နှင့်ပတ်သက်၍ စစ်ဘက်အရာရှိများကိုသာ ရုရှားသို့ ပညာတော်သင်စေလွှတ်ပြီး အရပ်ဘက်မှ ဝန်ထမ်းများကို စေလွှတ်မှုအလွန်နည်းပါးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

မင်းအောင်လှိုင်၏ စက်တင်ဘာလ ရုရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အငယ်စားလျှပ် စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်နိုင်‌ ရေးအတွက် လိုအပ်သည့်နျူကလီးယားအခြေခံအဆောက် အဦ၊ လူ့စွမ်းအားအရင်း အမြစ်များနှင့် အခြားလိုအပ်သည့်လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ ဆက်လက်ကူညီပေးပါရန် မင်းအောင်လှိုင်က ရုရှားအစိုးရကို မေတ္တာရပ်ခံခဲ့သည်။

ဓာတ်ပုံ – ယမန်နေ့ နေပြည်တော်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြိုအစိုးရအဖွဲဝင်၊ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev နှင့် မင်းအောင်လှိုင် တွေ့ဆုံစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ နေပြည်တော်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြိုအစိုးရအဖွဲဝင်၊ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev နှင့် မင်းအောင်လှိုင် တွေ့ဆုံစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article