31 C
Yangon

ရန်ကုန်မှာ ပျံကျစျေးနဲ့ စည်းကမ်းမဲ့ ဆိုင်တွေ မမြင်ချင်ဘူးဆိုတဲ့ မင်းအောင်လှိုင် အမိန့်ကြောင့် ယာယီစျေးတွေ၊ ဆိုင်ခန်းတွေအားလုံး ဖျက်သိမ်းခံနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်မြို့မှာ ပျံကျစျေးတွေနဲ့ စည်းကမ်းမဲ့ဆိုင်တွေ ၊ လမ်းဘေးဝဲယာမှာ ခေါင်းရွက်ဗျက်ထိုး စျေးသည်တွေ မမြင်ချင်ဘူးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အမိန့်ကြောင့် ယာယီစျေးတွေ၊ ပျံကျစျေးတွေနဲ့ လမ်းဘေးဝဲယာက ဆိုင်တွေကို ဒီရက်ပိုင်းအတွင်း စစ်တပ်နဲ့စည်ပင်က လိုက်လံ ဖျက်သိမ်းနေပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ ရန်ကုန်မြို့၊ ဒလတံတားစီမံကိန်းနဲ့ ဒဂုံမြို့သစ်တောင်ပိုင်း စစ်မှုထမ်းဟောင်းအိမ်ရာ (ခေါ်) မုဆိုးမ အိမ်ရာတည်ဆောက်ရေး လာရောက် စစ်ဆေးသွားတဲ့ မင်းအောင်လှိုင်က အပြန်မှာ သင်္ဃန်းကျွန်း၊ တာမွေ၊ သာကေတ၊ ဗဟန်း၊ ဒဂုံနဲ့ ကမာရွတ်မြို့နယ်တွေကို ကားနဲ့ လှည့်ပတ် ကြည့်ရှုပါတယ်။ အဲဒီလို ကြည့်ရှုရင်း မင်းအောင်လှိုင်က လမ်းဘေးဝဲယာမှာ ပျံကျစျေးတွေ၊ ခေါင်းရွက်ဗျက်ထိုး စျေးသည်တွေနဲ့ စည်းကမ်း ဆိုင်ခန်းတွေကြောင့် မြို့ရဲ့ အလှအပကို အကျဉ်းတန်စေတာကြောင့် ကြပ်မတ်ဆောင်ရွက်ဖို့နဲ့ နောက်တစ်ခါ သူလာတဲ့အခါ မမြင်ချင်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

အဲဒီပြောဆိုမှုကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ရန်ကုန်မှာ လမ်းဘေးဝဲယာ ဆိုင်ခန်းတွေ၊ ပျံကျစျေးတွေ၊ ယာယီစျေးတွေကို အလုံးအရင်းနဲ့ စစ်တပ်နဲ့ စည်ပင်က ဖျက်သိမ်းလာပါတယ်။

ဒါ့အပြင် အိမ်နဲ့ဆိုင် တွဲထားတဲ့ စျေးဆိုင်အိမ်တွေ၊ တိုက်မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကိုလည်း အဖီတွေ ဖျက်ချတာ၊ လမ်းနယ်နမိတ်နဲ့ မလွတ်တဲ့ ဆိုင်တွေကို ဖျက်ခိုင်းတာ လုပ်ဆောင်လာပါတယ်။

မင်းအောင်လှိုင် အမိန့်ကြောင့် တာမွေ ကြက်ဘဲစျေးမှ ပျံကျဆိုင်ခန်းတွေ၊ တာမွေစျေးအရှေ့မှာရှိနေတဲ့ လမ်းဘေးဆိုင်တန်းတွေ စည်ပင်နဲ့ စစ်တပ်က ဖျက်သိမ်းနေသလို ရပ်ကွက်အတွင်းမှာ ဖွင့်လှစ်နေတဲ့ ပျံကျစျေးတွေကိုလည်း စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ဖျက်သိမ်းတာတွေ လုပ်ဆောင်လာပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုဂုံးကျော်တံတားအဆင်းမှာရှိတဲ့ ပန်းစျေးတန်း ဆိုင်ခန်းတွေအားလုံးကို စစ်တပ်နဲ့ စည်ပင်က လာရောက် ဖျက်သိမ်းခိုင်းပြီး မဖျက်တဲ့ဆိုင်တွေကို ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပါတယ်။

လတ်တလော ရန်ကုန်စည်ပင်သတင်းရင်းမြစ်တချို့ရဲ့ အဆိုအရ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ဆိုင်ခန်းတွေ၊ ပျံကျစျေးတွေနဲ့ ယာယီစျေးတွေအားလုံးကို စီမံချက်နဲ့ ဖျက်သိမ်းနေတာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ စျေးရောင်းရင် ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူသွားမယ်လို့ ဆိုပါတယ်။

“စည်ပင်က သတ်မှတ်နေရာမှာ မရောင်းတဲ့စျေး၊ ဆိုင်ခန်းတွေကို ပညာပေးကာလ သတ်မှတ်ပြီး ဖျက်သိမ်းနေပါတယ်။ ပညာပေးကာလ ကျော်ရင်တော့ စည်းကမ်းမဲံ ဆိုင်ခန်းတွေကို ပျံကျစျေးသည်တွေကို ဖမ်းဆီးမှာဖြစ်ပါတယ်။ စည်ပင်ဥပဒေအရကတော့ ဒဏ်ရိုက်နိုင်သလို ထောင်ဒဏ်လည်း ချမှတ်လို့ရပါတယ်” လို့ ရန်ကုန်စည်ပင် သတင်းရင်းမြစ်က ပြောဆိုပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article