ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးပြီး ၁၂ ဦး အရှင်မိကာ လက်နက် ၁၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ ၁၂ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။
“သရက်ချောင်းကို စစ်ကြောင်းထိုး မီးရှို့ဖို့လာတဲ့ စစ်ခွေးတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၂၀ ကောင် သေပြီး ၁၂ ကောင်အရှင်ဖမ်းမိထားပါတယ်။ လက်နက် ၁၉ လက်လည်း သိမ်းဆည်းရရှိတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း (၃၈၀၂)တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ (ရွှေတန်းမြေ၊ ဂဠုန် ) တပ်ဖွဲ့နှင့် တပ်ရင်း ၃ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


