ဒီကနေ့ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်း မရှိဘူးလို့ မလေးရှားအစိုးရနဲ့ ပုံမှန်ထိတွေ့ ဆက်ဆံမှုတွေလုပ်နေတဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ဖမ်းဆီညှဉ်းပန်းနှိပ်စက်ခံရကာ ကိုယ်တွင်းကလီစာတွေ ရောင်းစား သတ်ဖြတ်ခံရတဲ့ ဘယ်လာရုစ်မော်ဒယ်ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို လေယာဉ်နဲ့ သူ့ဆန္ဒ သဘောထားအတိုင်း ထွက်ခွာသွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




