29 C
Yangon

စစ်ကိုင်း-ဝက်လက်-အရာတော် မြို့နယ် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက ပူးပေါင်းကြားဖြတ် တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ် အစပ်သို့ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက် ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သူများပြားကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော ကျောက်ကုန်းရွာမှ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းရှိရာကို RPG ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သားများ ထိ ခိုက်မှုများပြားခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖွဲ့စည်းပုံပျက်၍ ဆုတ်ခွာထွက်ပြေးနေပြီး ၂ ဦးမှာ သေဆုံးနိုင်ကာ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“ကျနော်တို့က စစ်ခွေး စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့တော့ သူတို့က စပစ်တာ ကျနော်တို့ မဟာမိတ်တွေက RPG နဲ့ ပြန်ထုတာ သူတို့ ကြားထဲ ထိတာ အကုန်လွင့်စင်သွားတယ်။ တိုက်ပွဲကြာချိန်က တစ်နာရီခွဲကျော်ကြာတယ်။ စစ်ခွေးတွေ အထိနာပြီး ဖွဲ့စည်းပုံပျက်သွားတယ်။ အတွင်းသတင်းအရ စစ်ခွေး ၂ ကောင် အသက်ကယ်ဆေးထိုးထားရတယ် သေဆုံးနိုင်တယ်။ ၇ ကောင်ကတော့ အပြင်းထန် ကုနေရတယ်။ အခြားထိတာတွေလည်း များတယ်လို့သိရတယ်။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦးတော့ အနည်းငယ် ထိမိတာရှိတယ်” ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သော တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရဲဘော် သုံးချိတ်စစ်ဆင်ရေး အမည်ဖြင့် မဟာမိတ်အဖွဲ့ သုံးဖွဲ့ဖြစ်သော ဆားတောင် မိုးကြိုး၊ Bee Fighters Revolution Army BFRA Wet Let အဖွဲ့ ၁ မှ Pro Life နှင့် ဂျိန်းစိုး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်း ၃ မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရန် ထပ်မံ ပြင်ဆင်နေသော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်၍ ပြည်သူများသတိပြု နေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article