21 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော စခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ် ပတ်ကင်း မိုင်းဆွဲ တိုက်ခိုက်ခံရ 

Must read

ရန်ကုန်၊ ဇူလိုင် ၁ 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာရှိ စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသော စခန်းကိုဇွန်လ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်လုပ် လက်နက်ကြီး များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေ​ ပြောက် ကျား တပ်ဖွဲ့(မြိုင်) ထံမှသိရသည်။ 

အဆိုပါ တပ်စခန်းကို ဝံပုလွေ​ ပြောက်ကျား တပ်ဖွဲ့(မြိုင်)၊ မြိုင်မြို့နယ် ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ် MGPDF၊အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaing Warriores တပ်ဖွဲ့၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ် ညီနောင် ပူးပေါင်းအဖွဲ့များက တာဝေးပစ် လက်လုပ်လက်နက် ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ည ၁၀ နာရီ ၃၀ မိနစ် တွင် ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကင်းပတ်စဥ် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခဲ့ပြီးစစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည် မပြုနိုင်သေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။ 

အကြမ်းဖက် စစ်တပ် ကင်းပတ် စစ်ကြောင်းသည် အင်္ကုက္ကားရွာ အနောက်ဘက်ရှိ ကျွန်းပင်တန်းနားတင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး အထိအခိုက် အသေ အပျောက် ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုနိုင်သေးဘဲ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ စစ်တပ် စစ်ကြောင်းများ ထပ်မံ ရောက်ရှိလာပြီး ဓာတ်မီးများဖြင့် ထိုးကာ ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article