တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဆင့် အထိ ကိုယ်ရေးအချက်အလက်များ အားလုံးရရှိထားပြီး စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ကို ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောကြား သည်။
ကျွန်းစုမြို့နယ်အတွင်း၌ သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ စစ်တပ်အတွက် နိုင်ငံရေးအရ ထွက်ပေါက်ရစေရန် ရွေးကောက်ပွဲကို အားပေးကူညီနေသည်ကို စုံစမ်း သိရှိရပါကပြင်းထန်သောနည်းလမ်းဖြင့်ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
“ကျွန်းစုမြို့နယ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လှုပ်ရှားမှုရှိနေပါတယ်။ ဒီလိုလှုပ်ရှားနေတဲ့သူကို အရေးယူမှာပါ။ ထိထိရောက်ရောက် အရေးယူဖို့ရှိပါတယ်” ဟု ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်အာဏာ ရှင် စနစ်သက်ဆိုးရှည်စေရေးနှင့် နိုင်ငံရေးအရတရားဝင်မှုရရှိအောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် နေ သည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တော်လှန် ရေးသတိကြီးစွာဖြင့် ပူးပေါင်း အားပေးခြင်းတို့ကို လုံးဝမပြုဘဲ ပြတ်သားခိုင်မာသည့် သ ဘောထားရပ်တည်ချက်များဖြင့် ဆန့်ကျင်တုံ့ပြန်သွားကြပါရန် တိုက် တွန်းနှိုးဆော်ထားသည်။
အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိမြို့နယ်၊ရပ်/ကျေးအဆင့်ဆင့်သောအုပ်ချုပ်ရေးအဖွဲ့ဝင် များအနေဖြင့်လည်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန်မဲစာရင်းပြုစုပေးခြင်း၊ ပြည်သူများကိုမဲစာရင်းကြည့်ရန် ဖိအားပေးလုပ်ဆောင်ခြင်း ၊ ပြည်သူတို့၏ဆန္ဒမပါဘဲအတင်း အဓမ္မဖိအားပေးပြီး မဲပေးစေခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူးသတိပေးထားသည်။
စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မရှိကြောင်း၊ ပြည် သူတို့၏သဘောဆန္ဒမပါဝင်ဘဲ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အတင်း အဓမ္မ လုပ်ကြံ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်သည့်အပြင် ပြည် သူတို့၏အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ စစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဆောင်ရွက်နေသည့် အကြမ်း ဖက်စစ်ကော်မရှင်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အား ဆန့်ကျင် ကြောင်းနှင့် လုံးဝ(လုံးဝ)ခွင့်ပြုမည် မဟုတ်ကြောင်း သတိပေးထားသည်။




