26 C
Yangon

ပြည်သူ ၂ ဦးသေဆုံးခဲ့သော သေ့ဘောဘိုးကျေးရွာအနီး စစ်ကောင်စီတိုက် လေယာဉ် ဗုံးကျဲမှု ထိုင်းပြည်သူများ၏ နေအိမ် ၃ လုံး ထိမှန်၊ ထိုင်းစစ်တပ်က ပြင်ဆင်ပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီ ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးခဲ့ပြီး ထိုင်းပြည်သူ ၃ ဦး၏ နေအိမ် ၃ လုံး ကျည်ထိမှန်ကာ ထိုင်းစစ်တပ်က ပြင်ဆင်ပေးကြောင်း ထိုင်းသတင်းသမားတချို့၏ လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

စစ်ကောင်စီတိုက်လေယာဉ်ဗုံးကျဲမှုကြောင့် ထိုင်းပြည်သူ ၃ ဦး၏ နေအိမ်များ ပျက်စီးမှုကို ထိုင်းစစ်တပ် ပါဝင်သော အဖွဲ့က ယနေ့ လိုက်လံ ပြင်ဆင်ပေးကြောင်း၊ ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် ကင်းလှည့်သည့်အပြင် လေကြောင်းပျံသန်းစစ်ဆေး ကင်းလှည့်မှုများလည်းရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ယမန်နေ့ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင် မြန်မာဘက်ခြမ်းမှ ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ထိုင်းပြည်သူအများအပြား ဖုတ်ဖရမြို့ပေါ်သို့ ထွက်ပြေးခဲ့ရသည်။

ဇွန်လ ၃၀ ရက်နေ့ မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်း ထိုင်းနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက် ခဲ့ပြီး ယင်းကျူးကျော်မှုကို မြန်မာစစ်တပ်ဘက်က ဝန်ချတောင်းပန်ကာ ထိုင်းဝန်ကြီးချုပ်ကလည်း ပြဿနာ မဟုတ်ဟု ပြောဆိုခဲ့သည်။

ဓာတ်ပုံ- ထိုင်းစစ်တပ်နှင့်အာဏာပိုင်များက ထိုင်းပြည်သူများ၏ နေအိမ် ၃ လုံးကို ပြင်ဆင်ပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article