27 C
Yangon

မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး အနီးအနားရှိ ကျေးရွာများကိုလည်း လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲနေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး အနီးအနားရှိ ကျေးရွာများကိုလည်း လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲနေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နှမ်းဆီကန်ရွာကို ဝင်ရောက်စီးနင်းပြီး မွန်းလွဲပိုင်းမှ စတင်၍ ရွာထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က နှမ်းဆီးကန်ရွာ အနီးအနားကို ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ဗုံး ၁၀ လုံးကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် နှမ်းဆီးကန်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က မနက်ကထွက်လာတဲ့ မြိုင်တောင်ပိုင်း တွင်းမပျူစောထီးရွာက ထွက်လာတဲ့ စစ်ကြောင်းက မနေ့တည်းက နှမ်းဆီးကန်ရွာကို ဝင်တယ်ပေါ့။ မနေ့ညတည်းက နေအိမ်တွေ မီးရှို့တယ်ပေါ့။ နေအိမ်တွေ မီးရှို့မှုကတော့ ဘယ်နှလုံးလို့တော့ အတည်မပြုနိုင်ဘူး။ အခုမနက်တော့ ဂျက်ဖိုက်တာနဲ့ ဗုံး ၆ ကြိမ်ကျဲချတယ်။ စက်တပ်လေထီးနဲ့ ၃ ကြိမ်ဗုံးကျဲတယ်ပေါ့။ ဒေသပြည်သူတွေကတော့ စစ်ဘေးရှောင်နေရတယ်ပေါ့။ ဒီစစ်ကြောင်းက ဘယ်ထိဆက်သွားမလဲဆိုတာတော့ မခန့်မှန်းနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလပိုင်းကလည်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ကျောက်ခွက်ရွာနှင့် မှန်ရင်းရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article