25 C
Yangon

ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာသို့ ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုချက်များအရ သိရှိရသည်။

ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ မန်ကျည်း ကုန်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ် တပ်၏ မုန်းမြို့အ‌ခြေစိုက် ခမရ ၅၉၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Gyrocopter ၂ စီးသည် မန်ကျည်းကုန်းတောင်ရွာရှိ နေအိမ်များကို ဗုံး ၂ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း မန်ကျည်းတောင်ရွာသား အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် ဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စက်တပ်၏ Gyrocopter ၁ စီးသည် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် ပျက်ကျခဲ့ပြီး မောင်းနှင်းသူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဖြူးမြို့နယ်ဘက်ကို ဗုံးလာကျဲပြီး အပြန်မှာ Gyrocopter ၁ စီးက ပဒက်ခင်ရွာနဲ့ တံခွန်တိုင်ရွာ အကြားမှာ ပျက်ကျတာ မောင်းနှင်လာတဲ့ စစ်ခွေး ၂ ကောင်သေဆုံးတယ်။ စစ်ခွေးတွေ ဗုံးကျဲသွားတာလည်း ပြည်သူ ၁ ဦး သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – လူ ၂ ဦးလိုက်ပါနိုင်သော Gyrocopter အမျိုးအစား ရဟတ်ယာဉ် ၁ စီး ပျံသန်းနေစဉ်။ (နိုင်ငံတကာဓာတ်ပုံကို နမူနာအဖြစ် ပြသ သုံးစွဲထားခြင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လူ ၂ ဦးလိုက်ပါနိုင်သော Gyrocopter အမျိုးအစား ရဟတ်ယာဉ် ၁ စီး ပျံသန်းနေစဉ်။ (နိုင်ငံတကာဓာတ်ပုံကို နမူနာအဖြစ် ပြသ သုံးစွဲထားခြင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article