ဒီကနေ့ နိုဝင်ဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကို လက်နက်ကိုင်တိုက်ပြီး ဖြိုချ အမြစ်ဖြတ်မှ တိုင်းပြည် တည်ဆောက်နိုင်မှာဖြစ်ပြီး တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူးလို့ TNLA ဗိုလ်ချုပ် တာဘုန်းကျော်က ပြောဆိုလိုက်ပါတယ်။
- ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့မှာ တန်ဆောင်မုန်းလပြည့်နေ သူခိုးကြီးည အပျော်တန်း ကြက်လာခိုးတဲ့ သူကို သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူရှေ့ဆောင်ပါတီ အမတ်လောင်း စိုင်းရွှေထီး နဲ့သားဖြစ်သူက ရိုက်သတ်လိုက်တဲ့အတွက် အဲ့ဒီ့ PPP ပါတီ အမတ်လောင်းသားအဖ ၂ ဦးဟာ လူသတ်မှုနဲ့ အဖမ်းခံထားရတယ်လို့ တောင်ကြီးရဲသတင်းရင်းမြစ်က ပြောပါတယ်။
- မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်က အကြမ်းဖက် စစ်တပ်ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်က တပ်သားတွေဟာ အကုန်လုံးဆုတ်ခွာထွက်ပြေးသွားကြသလို စစ်သား ၃ ဦးလည်း အသီးသီး သေကုန်ကြပြန်တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




