27 C
Yangon

မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရရှိကြောင်း ယင်းဖြစ်စဉ်တွင်ဒဏ်ရာရရှိသူ ၁ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ်က လူငယ်များကို တားဆီးစစ်ဆေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် ဆိုင်ကယ်စီး လူငယ်တချို့ကိုလည်း တားဆီးစစ်ဆေး၍ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ယင်းအချိန် ဆိုင်ကယ်စီး လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးရန် ပြင်ဆင်နေစဉ် လူငယ် ဆိုင်ကယ် ရပ်မပေးဘဲ မောင်းပေးခဲ့ကြောင်း၊ အဆိုပါ လူငယ်တို့ကို စစ်တပ်က အိမ်စီးကား၊ စစ်ကားများဖြင့် လိုက်လံ ဖမ်းဆီးရာ အဆိုပါ ဆိုင်ကယ်မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်း နှင့် လမ်း ၈၀ တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးတွင် ရပ်ထားသော ကားကို ဝင်တိုက်ခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ဒီဖြစ်စဉ်က သူ့ဘာသာ ဆိုင်ကယ်တိုက်တာမဟုတ်ပါဘူး။ နောက်က နေ စစ်ခွေးတွေကားက ပေါ်တာဆွဲဖို့ ဆိုင်ကယ်သမားလူငယ်ကို လိုက်တာမှာ ဆိုင်ကယ်သမားလူငယ်က ထွက်ပြေး ၊ပြေးရင်း ရပ်ထားတဲ့ကားဝင်တိုက်တာပါ။ ၁ ဦးပွဲချင်းပြီးသေဆုံးပါတယ်။ ကျန် ၃ ဦးကလည်း ဒဏ်ရာ အပြင်းအထန်ရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးအခြေစိုက် “မဏီစလ” လူမူကူညီရေးအသင်းနှင့် “ပရဟိတဓါရီ” လူမူကူညီရေးအသင်းတို့က ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ပေါ်တွင် ယခုနိုဝင်ဘာလလယ်ပိုင်းဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အကြီးအကျယ်လုပ်ဆောင်လာကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article