31 C
Yangon

ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်တပ်က ခရီးသွားလူငယ် ၁၃ ဦးကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ရွှေဘို-မြစ်ကြီးနားလမ်းတွင် အကြမ်းဖက် စစ်တပ်က ခရီးသွားလူငယ် ၁၃ ဦးကို စစ်မှု ထမ်း အဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ဆာလင်းကြီးမြို့နယ်မှ မြစ်ကြီးနားဘက်သို့ထွက်လာသော ခရီးသည်တင်ကား ၂ စီးကို ကန့်ဘလူမြိုနယ် ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်း၊ ဇီးကုန်း – မလယ်လမ်းဆုံတွင် စစ်တပ်က ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မငွေကြေးတောင်းခံရုံသာမက ခရီးသွားလူငယ် ၁၃ ဦးကိုလည်း ကားပေါ်မှ ဆွဲချကာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က ဖမ်းဆီးထားသော ခရီးသွား လူငယ် ၁၃ ဦးကို ကန့်ဘလူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတပ်ရင်း ၆၀၀၆ သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“လူငယ်တွေက ဘယ်ရွာ ဘယ်ဒေသကလဲဆိုတာ အတိအကျတော့ မသိရသေးဘူး။ ပြည်သူတွေကိုဂရုပြုသွားလာကြဖို့လိုပါတယ်”ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကပြောဆိုသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှ စစ်တပ်က ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခြင်း ၊ အမျိုးသမီးများကိုုအဓမ္မပြုကျင့်ခြင်း ၊ သတ်ဖြတ်ညှင်းပန်းခြင်းများ မကြာခဏပြုလုပ်နေ၍ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ဂရုစိုက်သွားလာကြပါရန် ကန့်ဘလူခရိုင် -တပ်ရင်း ၄ က အသိပေးနှိုးဆော်ထားသည်။

အကြမ်းဖက်စစ်တပ်က ယခု နိုဝင်ဘာလ လယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၉ ကို ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းစစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများနှင့် နိုင်ငံတစ်ဝန်း စစ်ဆေးရေးဂိတ်များတွင် လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article