22 C
Yangon

မြ၀တီမြို့နယ်တွင် မုဒိမ်းမှု ကျူးလွန်ထားသူ စိုင်းမျိုးညွန့်ဦးနှင့် စစ်မှုထမ်း လူငယ်များ အများဆုံး ဖမ်းဆီးပေးနေသူ ၂ ဦးတို့ကို စစ်တပ်လက်အောက်ခံ ကရင်ဝန်ကြီးချုပ်ဆိုသူက စီမံထူးချွန် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် မုဒိမ်းမှု ကျူးလွန်ထားသူ စိုင်းမျိုးညွန့်ဦးနှင့် စစ်မှုထမ်း လူငယ်များ အများဆုံး ဖမ်းဆီးပေးနေသူ ၂ ဦးတို့ကို စီမံထူးချွန် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်လိုက်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦးက မြ၀တီမြို့နယ်မှ မုဒိမ်းမှု တရားခံ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းမျိုးညွန့်ဦး၊ စစ်မှုထမ်းလူငယ်များ အများဆုံး ဖမ်းဆီးပေးနေသော အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွှေတင်နှင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စည်လှိုင်(ခ) စိန်ထွန်းတို့ကို ဂုဏ်ထူးဆောင်တံဆိပ်နှင့်ဆုများချီးမြှင့်ခဲ့ကြောင်း သိရှီရသည်။

စစ်တပ်က လုပ်ဆောင်နေသော လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သဖြင့် စစ်တပ်လက်အောက်ခံ BGF အဖွဲ့ ထောက်ခံမှုဖြင့် ၎င်းတို့ ၃ ဦးကို ဆုများချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတိူ့ ၃‌ ယောက်က ပေါ်တာ ဖမ်း ပေးတာ အများဆုံး လုပ်နိုင်လို့ ဆုပေး တာ။ စစ်တပ်နဲ့လည်းပူးပေါင်းဆောင်ရွက်တယ်။ ဆုပေးဖို့ BGF က ထောက်ခံ ပေးတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ဆုရရှိသော အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မဘသ အစွန်းရောက် စိုင်းမျိုးညွန့်ဦးမှာ ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်း ကလေးငယ်များ အပါအဝင် ကျောင်းသူ ၁၀ ဦးထက်မနည်းကို မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်ဆိုင် အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့သူဖြစ်ကြောင်း ကျူးလွန်ခံရသော မိန်းကလေးငယ်များက တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

စိုင်းမျိုးညွန့် ခေါ် ငစိုင်းသည် မြ၀တီမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် စစ်တပ်ထောက်ခံသော မဘသ အစွန်းရောက်၊ အမျိုးသားရေးအစွန်းရောက်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ကတည်းက မဘသအဖွဲ့နှင့် စစ်တပ်ထောက်ခံရေးတွင် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်သည်။ ဓမ္မစကူးကျောင်းများ ခေတ်စားအချိန် မြ၀တီမြို့နယ်တွင်လည်း ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို ကျောင်းသူအဖြစ် လက်ခံသင်ကြားပေးခဲ့သည်။

ထိုသို့ ကျောင်းသူ မိန်းကလေးငယ်များကို လက်ခံ သင်ကြားပေးရင်း ၂၀၁၇ – ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွင်း အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူတစ်ဦး နေထိုင် သောအခန်းအတွင်းအထိ ဝင်ရောက်ကာ မုဒိမ်းကျင့်ခဲ့ပြီး မည်သူ့ကိုမျှ ဖွင့်မပြောရန် ခြိမ်းခြောက်ခဲ့ ကြောင်း၊ ထို့အပြင် ကိုယ်ဝန်တားဆေးများကိုလည်း တိုက်ခဲ့ပြီး တရားဝင်ယူမည်ဟုဆိုကာ အတင်း အကျပ်စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

ကျောင်းသူမိန်းကလေးငယ်များကို မုဒိမ်းမှုကျူးလွန်ခြင်း၊ လိင်မြတ်ထုတ်ခြင်း ကျူးလွန်ခဲ့သူ စိုင်းမျိုးညွန့် သည် အသက် ၄၈ နှစ်အရွယ်ခန့်ရှိပြီး အိမ်ထောင်ကွဲထားသူတစ်ဦးဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ များထားသည့် ဘော်ဒါဆောင်အနောက်ဘက်၌ မိသားစုဝင်များနေထိုင်ကြောင်း၊ သားတစ်ဦး၊ သမီးတစ် ဦး ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article