28 C
Yangon

ပြည်သူများ၏ မျှော်လင့်ချက်၊ ဆန္ဒများ၊ အမြန်ဆုံး ပြည့်၀စေရန် ဆက်လက် ကြိုးစား ရုန်းကန် တိုက်ပွဲဝင်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကတိပြု

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

ပြည်သူများ၏ မျှော်လင့်ချက်၊ ဆန္ဒများ၊ အမြန်ဆုံး ပြည့်၀စေရန် ဆက်လက် ကြိုးစား ရုန်းကန် တိုက်ပွဲဝင်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကတိပြုလိုက်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ကျရောက်သည့် အသက် ၄၇ နှစ်မြောက်မွေးနေ့အဖြစ် မွေးနေ့ ဆုတောင်းပေးကြသော သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အယောက်ချင်းစီတိုင်းအတွက် ပြန်လည် ဆုတောင်းမေတ္တာပို့ ကျေးဇူးတင်လွှာတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အထက်ပါအတိုင်း တုံ့ပြန် ပြောဆိုလာခြင်းဖြစ်သည်။

AA စစ်ဦးစီးချုပ်က မွေးနေ့ ဆုတောင်းစကား ပြောပေးကြပါသော ပြည်သူများ၊ ရဲဘော်ရဲဘက်များနှင့် မိတ်ဆွေများ အားလုံးအတွက် မိမိကလည်း ကျန်းမာ၊ လုံခြုံ၊ အေးချမ်းစွာ ရှိကြစေရန် ပြန်လည် ဆုတောင်း မေတ္တာပို့သပေးလိုကပါကြောင်း၊၊ AA တပ်မှူးချုပ်၊ တပ်တော်ရဲဘော် ရဲဘက်များ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် မှ ပြည်သူ့ဝန်ထမ်းများအားလုံးကလည်း ပြည်သူများ၏ မျှော်လင့်ချက်၊ ဆန္ဒများ၊ အမြန်ဆုံး ပြည့်၀စေရန် ဆက်လက် ကြိုးစား ရုန်းကန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AA စစ်ဦးစီးချုပ်၏ ကျေးဇူးတင်လွှာတွင် ရေးသားဖော်ပြထားသည်။

AA အနေဖြင့် မိမိ၏ စစ်ရေးရည်မှန်းချက်အတိုင်းပင် ဆက်လက် ချီတက်နေဆဲဖြစ်ပြီး အာရက္ခတပ်တော်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားကြောင်း၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့တို့သာ သိမ်းပိုက်ရန်ကျန် ရှိတော့ကြောင်း၊ သိမ်းပိုက်ရန်ကျန်ရှိနေသည့်မြို့နယ် ၃ ခုတွင်လည်း မြို့နယ်အတွင်းရှိနေရာအများစု ကို ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်သားများမှာ မြို့ပေါ်၌ ကျန်ရှိတော့ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ရခိုင်နှင့်မကွေးအစပ်၊ ရခိုင်နှင့်ဧရာ၀တီတိုင်းအစပ်၊ ရခိုင်နှင့်ပဲခူးတိုင်းအစပ်များတွင်လည်း AA က ပြည်သူ့ကာကွယ်ရေးတပ်မ တော်နှင့်တွဲဖက်၍ အကြမ်းဖက် စစ်ကောင်စီတပ်များကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article