ဒီကနေ့ နိုဝင်ဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့် အားလုံးပါဝင်မှု စံချိန်စံနှုန်း တွေ နှင့်မကိုက်ညီဘူးလို့ ပြင်သစ်အစိုးရက ကြေညာလိုက်တဲ့အပြင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးဝင်းမြင့်ကို ချက်ချင်းလွှတ်ရန် တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းမှာ စစ်ကြောင်းထိုး မီးရှို့နေတဲ့ အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၇ ယောက်သေဆုံးပြီး အလောင်းတွေကိုလဲ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သလို၊ ပျူစောထီးခေါင်းဆောင် လည်းဖြစ်တဲ့အပြင် ကြံ့ဖွတ်အမာခံလည်းဖြစ်သူ မင်းမင်းဦး ပစ်ခတ်ရှင်းလင်းလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




