ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ မိန်းလမ်းမ လမ်းဆုံတွင် စစ်ယာဉ်တန်းကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ မိန်းလမ်းမ လမ်းဆုံတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးဒဏ်ရာရရှိသူများကို ပြည်သူပိုင်ကားများ ချောဆွဲကာ သယ်ယူနေကြောင်း သိရသည်။
“ဘယ်နှစ်ယောက်ထိလည်းတော့မသိဘူး။ ထိခိုက်မှုရှိလို့ ပြည်သူတွေရဲ့ကားတွေကို ရပ်ခိုင်း၊ ချောဆွဲ ပြီး အကြိုအပို့လုပ်နေတာ၊ အကြမ်းဖက် စကမတွေ ကားတရ ကြမ်းမောင်းပြီး အသွားအလာလုပ် နေ ကြသလို တော်လှန်ရေးဘက်ကလည်း ကြားဖြတ်တိုက်ခိုက်မှုတွေရှိနေတာကြောင့် မိဘပြည်သူတွေ အနေနဲ့ အတတ်နိုင်ဆုံး အပြင်မထွက်ပဲ အသွားအလာ ဆင်ခြင်ကြဖို့လိုပါတယ်” ဟု ဒေသသတင်း ရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ဖားကန့် – မှော်စီစာလမ်းမပေါ် KBC ဘုရားကျောင်းရှေ့၌လည်း မိုင်းပေါက်ကွဲမှုဖြစ်ကာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖားကန့်မြို့နှင့် လုံးခင်း၊ မှော်စီစာ စသည့် နေ ရာများကို အသွားအလာလုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း မိုင်းဆွဲ တိုက်ခိုက် မှုများလုပ်ဆောင်နေကြောင်း သိရသည်။
“ကင်းလှည့်တာလား၊ တပ်အပြောင်းအရွှေ့လုပ်နေကြတာလားတော့ မသိဘူး။ ဒီတစ်ရက်နှစ်ရက် အ တောအတွင်း စစ်သားတွေ အသွားအလာတအားလုပ်နေတာ၊ ဖားကန့်ကိုသွားလိုက်၊ လုံးခင်းသွား လိုက်၊ အခုတပ်စွဲထားတဲ့ မှော်စီစာ ဘုရားကုန်းပေါ်တက်လိုက်နဲ့ ရှုတ်ယှက်ခတ်နေတာ၊ ကျနော်တို့ ကြားရတဲ့သတင်းက လမ်းကြောပေါ်တက်လာတဲ့ စစ်ကြောင်းကို မြို့ပေါ်မှာ လုံခြုံရေးယူတယ်ဆိုတဲ့ ပုံစံမျိုးလည်း ပြောကြတယ်။ အဲဒါကတော့ အတည်ပြုလို့မရဘူး။ အတည်ပြုနိုင်တာကတော့ စစ်သား တွေက ကားတွေနဲ့တောက်လျှောက်အသွားအလာတွေရှိနေပြီးတော့ တော်လှန်ရေးဘက်ကလည်း လမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့အနေအထားဖြစ်တာ၊ မိုင်းဆွဲတိုက်ခိုက်တာလည်း ဘယ်နေရာမှ အသေထိုင်ပြီး တိုက်နေကြတာမျိုးတော့မဟုတ်ဘူး။ သွားရင်းလာရင်းမိုင်းဆွဲနေ ကြ တာ။ အဲဒီကြားမှာမှ ပြည်သူတွေလည်း ထိခိုက်မှုတွေရှိနေတဲ့ အနေအထားမျိုးဖြစ်တာ။” ဟု ဒေသ သတင်းရင်းမြစ်က ရှင်းပြသည်။
ဓာတ်ပုံ – တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံးမှုများဖြင့် ပျက်စီးနေသော စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။ )
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




