27 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများက ကျီကျင်းရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာတွင် အထိုင်ချ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ ကျီကျင်းရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများက ကျီကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေ ဖမ်းဆီးခံရတာတော့ မကြားသေးဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အကြမ်းဖက်စစ်သားများသည် ကျီကျင်းရွာကို ဩဂုတ်လအတွင်းကလည်း ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရွှေဘို၊ ဝက်လက်နှင့် ကန့်ဘလူမြို့နယ်များတွင် စစ်ကြောင်းများကို ရာချီသော စစ်အင်အားများဖြင့် ချီတက်၍ ပြည်သူပိုင်ကျေးရွာများနှင့် နေအိမ်များကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ပြညသူများကို ဖမ်းဆီးသတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article