30 C
Yangon

ပေါက်နှင့် မြိုင်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူ၊သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကာ သောင်းနှင့်ချီသော ပြည်သူများမှာလည်း စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုး မီးရှို့နေသော အကြမ်းဖက် စစ်တပ်က မြေခြားရွာ၊ သပွတ်စုရွာ၊ ဒေါင်းသာရွာနှင့် အနီးနားရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို နွားလှည်းများဖြင့် ယူဆောင်ပြီး ပေါက်မြို့ပေါ်သို့ ပို့ဆောင်နေကြောင်း၊ ထိုခိုးရာပါ ပစ္စည်းများကိုလည်း ပေါက်မြို့​ပေါ်မှတစ်ဆင့် ပျူစောထီးများက ၎င်းတို့ရွာများထံသို့ နွားလှည်းများဖြင့် ထပ်မံယူဆောင်သွားကြောင်း သိရှိရသည်။

စစ်တပ်က ပေါက်မြို့နယ် အတွင်းသို့ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးခဲ့ကြောင်း၊ ဆိပ်ဖြူ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့မှ စစ်သားများ အပြင် ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာတို့မှ ပျူစောထီးများပါ ပူးပေါင်းထားသောကြောင့် အင်အား ၅၀၀ ခန့်ဖြင့် ပေါက်မြို့နယ် အတွင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်တပ် စစ်ကြောင်းက အောက်တိုဘာလ ၃၁ ရက်နေ့ ချက်ကန်ရွာ၊ နိုဝင်ဘာလ ၆ ရက်နေ့ သရဖီရွာ ၊ နိုဝင်ဘာလ ၈ ရက်နေ့ လယ်လမ်းကျေးရွာ ၊ မြေခြားကျေးရွာနှင့် နိုဝင်ဘာလ ၉ ရက်နေ့ ဒေါင်းသာကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုးကြီးရွာအနောက်ဘက် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“အဲစစ်ခွေးစစ်ကြောင်းက ဆိပ်ဖြူ ကပစ ကနေထွက်လာတည်းက ရွာတွေထဲကို ဝင်ရောက်စီးနင်းပြီး မီးရှို့နေတာ အဲဒီစစ် ကြောင်းက ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားတယ်။ ရွာတွေကိုလည်း ဆက်တိုက်ကို ဝင်ရောက်စီးနင်း အခုလည်း ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူနေတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သရက်ကန်ပျူစောထီးရွာမှ ထွက်လာပြီး စိုကန်တိုက်ရွာကို ဝင်ရောက်စီးနင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်အချိန် မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီးရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အရှေ့မြောက်အရပ်သို့ ထွက်ခွာလာပြီး စိုကန်တိုက်ရွာကို ဝင်ရောက် စီးနင်းနေကြောင်း၊ လက်ရှိအချိန် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာများစွာမှ ပြည်သူများမှာလည်း စစ်ဘေးကင်း လွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article