ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေအားလုံးအနေနဲ့ မိမိဒေသတစ်ခုတည်း လွတ်မြောက်ရေးထက် ပြည်ထောင်စုတစ်ဝန်းလုံးလွတ်မြောက်ရေးကို မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ကိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့ လှုပ်ရှားမှုကမ်ပိန်းတွေမှာ နာမည်ကျော် မင်းသား၊ မင်းသမီးနဲ့ အနုပညာရှင်တွေအားလုံးပါဝင်ရေးအတွက် Forever Group က စစ်ထောက်လှမ်းဟောင်း အရာရှိဟောင်းသိန်းထွန်းအောင်က ဦးစီး ဖိအားပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ် က အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သားအရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




