ရန်ကုန်၊ နိုဝင်ဘာ ၁၁
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် AA ထိပ်ပိုင်းခေါင်း ဆောင်များနှင့် ချင်းညီနောင်-CB အဖွဲ့တို့ တွေ့ဆုံပြီး အကြမ်းဖက်စစ်တပ်၏ တန်ပြန်ထိုးစစ်ကို ခန့်မှန်းပြင်ဆင် ပူးပေါင်းရေး အပါအဝင် စစ်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေးတို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောကြားသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ပြုလုပ်သည့် ချင်းညီနောင် ရန်ပုံငွေရှာဖွေပွဲတွင် ၎င်းက ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်ပြီး အောက် တိုဘာလအတွင်း ယင်းသို့ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။ အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍လည်း မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်ရန်ရှိနေကြောင်း ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အာရက္ခအမျိုးသားအဖွဲ့ချုပ်နဲ့ ချင်းညီနောင်တွေတွေ့ကြတဲ့ သတင်းကိုတော့ အကုန်လုံးသိကြပါ တယ်။ အပြင်ပေါက်တဲ့သတင်း ကျနော်တို့ မဖြန့်ဖြစ်တာ။ ကျနော်တို့တွေ့ဆုံကြတယ်၊ ကြာပါပြီ၊ ပြီး ခဲ့တဲ့လကပါ။ ပြီးခဲ့တဲ့လကပဲ ကျနော်တို့တွေ့ကြတယ်။ ဆွေးနွေးကြတယ်၊ အဓိကကတော့တော် လှန် ရေးနဲ့ပတ်သက်လို့ပါ။ တော်လှန်ရေးနဲ့ပတ်သက်လို့ စစ်ရေးမှာ ဘယ်လိုဖြစ်မလဲ၊ဘယ်လို ပူး ပေါင်းကြမလဲ။ ဘယ်လိုမျိုးအပြန်အလှန်ကူညီကြမလဲပေါ့။” ဟု ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ဆင်လာနိုင်မှုအခြေ အနေများကို ခန့်မှန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သည်များကို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အဓိကကတော့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်လာနိုင်တာကို နည်းနည်း ခန့်မှန်းကြတာပေါ့။ ပြင် ဆင် ထားကြတာ၊ ပူးပေါင်းကြတာပေါ့။ကျနော်တို့က စစ်ရေး မဟာမိတ်အပြင် နောက်ကျရင် နိုင်ငံ ရေးမဟာမိတ်၊ စီးပွား ရေးမဟာမိတ်ပေါ့နော်၊ အဲလိုမျိုး တွေပူးပေါင်းချိတ်ဆက်ဖို့၊ လူမျိုးချင်း အပြန် အလှန် ကူညီ ဖေးမကြ ဖို့ပေါ့။ သူတို့ ULA/AA ပေါ့နော်။ သူတို့ရဲ့သဘော ထားကတော့ ရှင်းပါတယ်။ သူတို့ အဆင်ပြေ တိုးတက်ကြီးပွားလာတဲ့အခါကျရင် ချင်းတွေလည်းခံစားရအောင်၊ ချင်းတွေလည်း ပါဝင်လာအောင်၊ ကျ နော်တို့ချင်းတွေ တိုးတက်ကြီး ပွားလာတဲ့အခါကျရင်လည်း သူတို့ရခိုင်တွေ လည်း ပဲခံစားခွင့်ရအောင် အဲလိုကူးစက်မှုဖြစ်အောင်ပေါ့၊ ကြီးပွားချမ်းသာခြင်းတွေ၊ တည်ငြိမ်အေး ချမ်းမှုတွေ အပြန်အလှန် ကူ ညီ ပြီး အပြန်အလှန် အကျိုးစီးပွားဖြစ်အောင် အဲလိုမျိုးတွေစဉ်းစား ကြတယ်။” ဟု ဆလိုင်းယောမန်က ပြောဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ULA ပါတီထိပ်ပိုင်းခေါင်းဆောင်းများ၊ အာရက္ခ တပ်တော် -AA စစ်ရေးထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံခွင့်ရရှိခဲ့ပြီး ULA/AA ထိန်းချုပ်ထား သည့်မြို့ ၅ မြို့လောက်အထိ လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့အတွက် အကျိုးရှိဆုံးက ULA ပါတီခေါင်းဆောင်ပိုင်းတွေပေါ့၊ အကြီးအကဲတွေစုံစုံလင် လင်ပဲ။ ULA ပိုင်းကရော၊ AA ပိုင်းကရော အကုန် လုံးတော်တော်များများကို ပြီးခဲ့တဲ့ လေးငါးဆယ် နှစ်ပိုင်းမှာ အဲလောက်စုံစုံလင်လင် မရှိဘူးတဲ့ စုံလင်မှုနဲ့ကျနော်တို့တွေ့ဆုံကြတယ်။ အဲဒီမှာ နောက် သင်ယူစရာတစ်ခုက တော်လှန်ရေးကို သူတို့ ဘယ်လို အဆင့်ဆင့်ကျော်ဖြတ်လာလဲ။ ဘယ်လိုတည် ဆောက်လာလဲ။ ဘယ်လိုအခက်အခဲတွေ ဖြစ် လာခဲ့လဲ ဆိုတာကို သူတို့နဲ့ဆွေးနွေးခြင်းအားဖြင့် ကိုယ့် ဟာကို ယှဉ်ထိုးကြည့်လို့ရတယ်။” ဟု ဆလိုင်းယောမန်က ပြောကြားသည်။
ထိုသို့တွေ့ဆုံမှုသည် ခဏတာတွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ အချိန်များစွာတွေ့ဆုံ ၍ အပြန်အလှန် လက် ဆောင် များပေးအပ်ခြင်း၊ မှတ်တမ်းပုံများရိုက်ကူးခြင်းတို့လုပ်ဆောင်ခဲ့ကြကြောင်း၊ တွေ့ဆုံမှု များအ တွင်းသင်ယူစရာသင်ခန်စာများ၊ လေ့လာသင်ယူစရာများလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။
“ဒါကမီတင်လေးနဲ့ပြီးသွားတာမဟုတ်ဘူး။ မီတင်တွေ့ကြတယ်၊ အများကြီးအပြန်အလှန်စကား ပြော ပြီးမှ နေ့လည်စာတည့်ခင်းကျွေးမွေးစားသောက်ကြတယ်။ စားသောက်နေတုန်းမှာလည်း စကား အများ ကြီးပြောဖြစ်ကြတယ်။ ပြီးတော့မှလည်းစကားအများကြီးပြောဖြစ်ကြတယ်။ ဆွေးနွေးဖြစ်ကြ တယ်ပေါ့၊ အပြန်အလှန်လက်ဆောင်တွေအများကြီး ပေးဖြစ်ကြတယ်၊ နောက် ပိုင်း ကျရင်လည်း တ ချို့ တချို့သော ဓာတ်ပုံတွေဆက်လက်ထုတ်ပြန်တာမျိုးရှိလာနိုင်ပါတယ်။ အဲဒီအခါကျရင် ကျနော် တို့ လက်ဆောင်တွေဘယ်လိုပေးဖြစ်ကြလဲ၊ ဘယ်လိုအပြန်အလှန်လေးစား တန်ဖိုးထား ကြလည်းတွေ့ ရမှာပါ။” ဟု ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ – မင်းတပ်/ CDF – မင်းတပ်၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး -ZFU / PDF – Zoland၊ ချင်းကာကွယ်ရေးတပ် ကန်ပက် လက်/ CDF – ကန်ပကလက်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် – MRO/ CDF – မတူပီ နှင့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့ပါဝင်သည်။




