27 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ ဂွေးဂေါင်းပင်တောရရွာတွင် ပြည်သူများထံမှ စစ်မှုထမ်းကြေးလစဉ် ခြိမ်းခြောက် ကောက်ခံနေသော ပျူစောထီး ခေါင်းဆောင် ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဂွေးဂေါင်းပင်တောရရွာတွင် ပြည်သူများထံမှ စစ်မှုထမ်းကြေးလစဉ် ခြိမ်းခြောက် ကောက် ခံနေသော ပျူစောထီး ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ဂွေးဂေါင်းပင်တောရ ရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင် သည် ပတ်ကင်းလှည့်နေစဉ် မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက် ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ဝင်းအောင်ထံမှ ပြည်သူ့စစ် ကတ်ပြားနှင့် ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးခေါင်းဆောင် ဝင်းအောင် သည် စစ်သင်တန်း တက်ရောက်ထားသူဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့များ၏ အချက် အလက်များ​အား စုံစမ်းထောက်​လှမ်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များအား စကစများနှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စကစများ ရိုးမအတွင်း စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“ဝင်းအောင်က ရပ်ရွာအနီးမှာ ကင်းလှည့်နေတုန်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီးသေဆုံးပါတယ်။ အဲကောင်က တော် လှန်ရေး ရဲဘော်တွေရဲ့ အချက်အလက်တွေ စုံစမ်းတာ ပြည်သူတွေကို စစ်မှုထမ်းကြေးဆိုပြီး နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တောင်းတာတွေ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးရင် လမ်းပြ လုပ်ဆောင်တာတွေ ပြုလုပ်နေတဲ့သူပါ” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ တာဝန်ရှိသူက ပြောဆိုသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် အပြင် စစ်တပ် ဒေါက်တိုင်များကိုပါ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article